Episode 53

21.6K 1.4K 704
                                    

ဒေးရဲ့စကားကြောင့်အံ့သြမင်သက်နေသည့်လူရဲ့မျက်နှာသည်ထပ်ဆင့်အံ့သြခြင်းအရိပ်အယောင်များနှင့်အတူ သူ့လက်မှ ငွေရောင်လက်စွပ်လေးကိုတလှည့် ဒေးကိုတလှည့်ကြည့်နေပြန်သည်။

အကယ်၍များစိတ်ပြေသွားတဲ့အခါ ချက်ချင်းလက်ထပ်ခွင့်တောင်းမည်ဟုစဥ်းစားထားသောကြောင့်ဒေး ဒီလက်စွပ်လေးကို ဘယ်သွားသွား ကိုယ်နဲ့မကွာယူဆောင်နေခြင်းဖြစ်ပြီး တစ်နေရာတွင်သေချာလေးလက်ထပ်ခွင့်တောင်းရန် ကျိန်းသေတွေးခဲ့ပါသော်လည်း အခြေအနေသင့်သွား၍ ဒီလိုအနေအထားတွင် ဒေးဘာကိုမှမစောင့်ဆိုင်းနိုင်တော့...။

ဒေး သူ့အဖြေကို့စောင့်ဆိုင်းနေရင်း ရင်တွေလည်းခုန်နေသည်။ဒေး အိမ်မက်တွေ ၊ ရည်မှန်းချက်အားလုံးသူနှင့်အကောင်အထည်ဖော်ချင်သည့်အပြင် ကျန်ရှိနေတဲ့ဘဝသက်တမ်းတစ်လျှောက်လုံး ထိုသူနှင့်သာဖြတ်သန်းသွားချင်သည့်အတွက် မငြင်းစေချင်။
ထိုလူသည်ငြိမ်သက်မြဲ ၊ ငြိမ်သက်နေသည့်အနေအထားတွင်ရှိနေစဲပင်။

အနောက်ခန်းမှ နီနီသည်လည်း ဒေးနဲ့သူ့ကို ငြိမ်ငြိမ်လေးထိုင်ကြည့်နေပြီး ဒေးနည်းတူ အဖြေကိုစောင့်ဆိုင်းနေဟန်ရှိသည့်အတွက် ကားအတွင်းတကယ့်ကိုတိတ်ဆိတ်မှုတို့ကြီးစိုးထားသည်။

စိတ်လှုပ်ရှား၍ အသက်ရှုသံတို့မြန်ဆန်လာသည့်အတွက်ဒေးမျက်နှာလွှဲလိုက်မိသည်ကိုထိုလူသည်သတိထားမိသွားဟန်ရှိတာကြောင့် လွှဲလိုက်မိသည့်မျက်နှာအား မှေးအနားမှကိုင်ပြီး သူ့ဘက်ကိုလှည့်စေသည့်နောက် အကြည့်ချင်းဆုံမိသည့်အခါ သူ့မျက်ဝန်းတွေက လေးလေးနက်နက်။

ဒေးရဲ့ ရင်ဘတ်ပေါ်မှသူ့နာမည် Tattooကို လက်ချောင်းများနှင့်ခပ်ဖွဖွထိတွေ့လာသည်။ထို့နောက်စက္ကန့်ပိုင်းမှမိနစ်ပိုင်းဆီသို့ကူးပြောင်းလာသည့်အချိန်ထိ မျက်ဝန်းတွေဟာအကြည့်မခွာနိုင်ပဲ တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကြည့်နေမိကြသည့်နောက် ထိုလူသည် နှုတ်ခမ်းထောင့်များတွန့်ချိုးလာလျက်။

''ကိုယ် မောင့်ကို လက်ထပ်ပါ့မယ်''

နှစ်ကိုယ်ကြား ကြားရုံမျှသာထွက်ပေါ်လာသည့်အသံသည် ဒေး နားထဲပဲ့တင်သံသဖွယ်ဖြစ်သွားသည့်အပြင် ရင်ထဲကိုဝုန်းဒိုင်းကျဲသွားစေသလို မျက်လုံးများ လည်းပြူးကျယ်လျက် ။

Day ဒေး (Completed)Where stories live. Discover now