Episode 28

22.9K 1.3K 475
                                    

''ကိုကြီး...''

အကြားအာရုံထဲဝင်လာသည့်ခေါ်သံကြောင့် လေးလေးပင်ပင်ဖြစ်နေသောမျက်လုံးများပွင့်လာခဲ့သည်။ခန္ဓာကိုယ်ကလျော့ကျလာသောအပူရှိန်နှင့် မူးဝေနေသည့်ဦးခေါင်းကဝေဒနာဟာသက်သာစပြုလာ၏။ လက်မှနာကျင်မှုကြောင့် အရင်ဆူံးကြည့်လိုက်မိသည့်အခါ ဆေးထိုးအပ်ရာများစွာနှင့် Drip လဲချိတ်ထားသည်။

''ချီ့ကိုဒီပုံစံနဲ့ကြိုမယ်လို့ကိုမထင်ထားတာ''

အိပ်ယာနေရာမှထလိုက်သည့်အခါ ဘယ်တုန်းကပြန်ရောက်လာမှန်းမသိသော နေခြည်ဟိဏ်းနွယ်က ကိုယ့်အားထူပေးပြီးကုတင်ခေါင်းရင်းကိုမှီစေသည်။

''ဘယ်တုန်းကပြန်ရောက်နေတာလဲချီ''

မနည်းအားယူ၍ပြောလိုက်ရသည့်စကားအဆုံးသူမ ဘာမှပြန်မပြောလာပါပဲ အကြည်ရောင်ဖန်ခွက်တစ်ခွက်ကိုကမ်းပေးပြီးရေသောက်စေသည်။ဘေးတွင်ဆရာဝန်တစ်ယောက်ပါရောက်နေပြီး တစ်ခါသာဆုံဖူးသည့်အတွက်အန်တီနွယ်တို့ရဲ့ ​ဒေါက်တာမှန်းသိလိုက်၏။

''ကိုယ့်ကိုကိုယ်သေချာပြုစုခဲ့တာပဲဒေါက်တာ...အဖျားကျသွားပါပြီ BP ကအမြဲကျတတ်တာလား''

ထိုအခါ တဖက်ကဒေါက်တာ အားခေါင်းငြိမ့်ပြလျက်ချီချီ့လက်ထဲသို့ ကိုင်ထားသည့်ဖန်ခွက်အားလှမ်းပေးလိုက်ပြီး။

''သာမာန်အခြေအနေမှာတောင် ပုံမာန်မဟုတ်ပဲ ကိုယ့် Blood Pressure ကကျတဲ့အထဲပါလို့ အခုလိုWeakဖြစ်သွားတဲ့အချိန်လုံးဝခေါင်းမထူနိုင်တော့ပဲဒီလိုဖြစ်သွားတာဒေါက်တာ''

''ထင်ပါတယ် လိုင်းသေချာချိတ်ပေးထားတော့ ပုံမာန်တော့မဖြစ်သေးပေမယ့် စိုးရိမ်ရလောက်တဲ့အခြေအနေတော့မဟုတ်တော့ပါဘူး''

ထိုအခါ ချိတ်ထားသည့် Dripကိုကြည့်ရင်း တစ်ဖက်မှဒေါက်တာဘက်သို့လှည့်၍။

''ကျေးဇူးတင်ပါတယ်ဒေါက်တာ''

''မလိုပါဘူးခဗျာ Professor တစ်ယောက်ကိုကုသခွင့်ရတာနဲ့တင်ကျေနပ်လို့မဆုံးတာပါ''

''မဟုတ်တာဗျာ...''

''ရက်ပိုင်းတော့အနားယူဖြစ်အောင်ယူလိုက်ပါဒေါက်တာ ရာသီအကူးအ​​ပြေ​ာင်းဖြစ်လို့ ပျောက်ကင်းအောင်မကုပဲအလုပ်ပြန်လုပ်ရင် အဖျားတာရှည်နိုင်တယ်''

Day ဒေး (Completed)Where stories live. Discover now