Episode 54

35.6K 1.8K 268
                                    

လူနာက Irritable Bowel Syndrome(အူလမ်းကြောင်းမူမမှန်ခြင်း)ရောဂါဝေဒ နာကိုခံစားနေရတဲ့အပြင် ultrasound နဲ့ CT scan အရ Peritoneal abscess (အူလမ်းကြောင်းအတွင်းပြည်တည်ခြင်း)ကိုတွေ့ရတယ်...''

German ဘာသာစကားဖြင့်ရှင်းပြနေသော ခွဲစိတ်မှုအကြောင်းအသေးစိတ်အား Anesthesiologist နှင့်တကွ ခွဲစိတ်မှုတွင်ပါဝင်မည့် staff များအားလုံးနားထောင်နေကြသည်။

''ဒါနဲ့မပြီးသေးပါဘူး Pancrea အပိုင်းမှာလည်းပြသာနာရှိနေတာကို CT Scanထဲမှာတွေ့ရတာ ကြောင့်ကိုယ်တို့အနေနဲ့ Surgery နှစ်ခုကိုပြုလုပ်ရလိမ့်မယ်''

''ဘယ်မျိုးအနေအထားသွားမလဲ Dr.''

''ပြည်တည်အနာက 1cm အောက်ဆို ပြသာနာမရှိနိုင်ပေမယ့် အခုက အရွယ်အစားကြီးမားပြီး အူလမ်းကြောင်းကိုပိတ်ဆို့နေတာဆိုတော့ လူနာအတွက်ခက်ခဲနိုင်တယ် ဒါကြောင့် Bowel resection နဲ့စတင်ပါမယ်...''

Bowel Resection = အူသိမ်/အူမကြီးအစိတ်အပိုင်းအားလုံး ပြန်လည်ရွေ့လျားစေသည့်ခွဲစိတ်မှု

Live Surgery ပြသထားတာဖြစ်တာ​ကြောင့်အပြင်ဘက်ရှိ ဆရာဝန်လောင်းများသည် Surgeon ဖြစ်သူပြောသည့်အကြောင်းအရာတစ်ခုတိုင်း Note တွင်လိုက်မှတ်နေ၏။

''အူလမ်းကြောင်းခွဲစိတ်မှုပြီးဆုံးတဲ့အခါ abscess ဖြစ်နေတဲ့ Pancreas tail ကိုတော့ Distal pancreatectomy နဲ့ဆက်သွားကြည့်ပါမယ်''

Distal pancreatectomy = Pancreas Tail ကိုပြန်လည်ရွေ့လျားစေသည့်ခွဲစိတ်မှု
Anesthesiologist သည်နားလည်ဟန်ခေါင်းငြိမ့်ပြသည်။ Operating  Light ခပ်များများသုံးထားတာကြောင့်ခွဲစိတ်ခန်းအတွင်း အလင်းရောင်ထင်ထင်ရှားရှားရရှိနေသလို ပုံမာန် ထပ် ခွဲစိတ်ခန်းထဲတွင် Staff ပိုများကာ Live Surgery အတွက် မှတ်တမ်းတင်ထားခြင်းကြောင့်သေချာပြုလုပ်နေကြခြင်း။

Monitor ကို Anesthesiologistက ကြည့်လိုက်သည်နှင့် အားလုံးအဆင်သင့်နေရာဝင်ယူထားကြပြီး Anesthesiologistရဲ့စကားကိုစောင့်ဆိုင်းနေကြသည်။

''Stable ဖြစ်ပါတယ် ခွဲစိတ်မှုစတင်လို့ရပါပြီ''

''Okay...Knive''

ခွဲစိတ်မှုစတင်လုပ်ဆောင်သည်နှင့် အားလုံးခွဲစိတ်မှုအပေါ်တွင်သာအာရုံစိုက်ထားကြပြီး Live Surgery ကြည့်ရှုနေကြသော ဆရာဝန်ကြီးများနှင့်ကျောင်းသားများအားလုံးရဲ့တို့ဟာလည်း ဖန်သားပြင်ပေါ်တွင်စိတ်ဝင်တစားပင်။

Day ဒေး (Completed)Where stories live. Discover now