Episode 46

29.5K 1.9K 407
                                    

''ဘာရပ်ကြည့်နေကြတာလဲ!!!...''

အော်သံဟာ Emergency Room တစ်ခုလုံးဟိန်းထွက်သွားသည့်နောက် တာဝန်ကျ GS များနှင့် သူနာပြုများအပြေးအလွှားရောက်လာကြသည်။လူနာကုတင်ပေါ်တင်လိုက်သည့် ညီခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်းရဲနေသည့်အထိဒဏ်ရာဒဏ်ချက်များဟာမြင်ရက်စရာပင်မရှိ။

ကိုယ်ဝတ်ထားသည့် Shirt အဖြူတစ်ထည်လုံးသည် ညီ့ရဲ့​သွေးများနှင့်မိုးရေ ရောယှက်နေသော ကြောင့် အနီရောင်ဘက်သို့ကူးပြောင်းတော့မည့်အနေအထားပင်။

တာဝန်ကျ GS ဆရာဝန်များနှင့်အတူသူနာပြုများ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ပေးနေကြ၍အနားတွင် အပြေးအလွှားအ​ခြေအနေဖြစ်နေ၏။

''ဝမ်းဗိုက်မှာ ထိုးဖောက်ဒဏ်ရာရှိတယ် ဘယ်ဘက်နံရံရိုးအောက်ဘက်ခြမ်းနဲ့ Stomach ကြားနေရာမှာရော Vital... ''

''80/90 Hp120 ပါ''

''ခွဲခန်း ဖွင့်ခိုင်းထားပြီး မေ့ဆေးဆရာဝန် ခေါ်.....''

''ဟုတ်ကဲ့ဒေါက်တာ...''

''Warm Saline 500Cc ချိတ်ထား...RBC နဲ့ FFP( Fresh frozen plasma) လိုသလောက်ပမာဏကို preparationလုပ်ထားပြီး သွေးအိတ်ချိတ်ပေးထား''

ER အတွင်း အားလုံးပြာခပ်နေပြီး တာဝန်ကျသူနာပြုများနှင့် ဆရာဝန်များတစ်​ယောက်မှမနားမနေရသလိုသတင်းကြောင့်အခြားဌာနများမှရောက်လာသည့်ဆရာဝန်များသူနာပြုများ အားလုံးအရေးပေါ်အခန်းအရှေ့တွင်စုဝေးလာ၏။

စိတ်အခြေအနေကိုလည်းအတတ်နိုင်ဆုံးထိန်းချုပ်၍ ညီဝတ်ထားသည့် မိုးပြာရောင် Shirt အား ကြယ်သီးမှမဟုတ်ပါပဲ Scissorနှင့် ထက်ခြမ်းညှပ်လိုက်သည့်နောက် ထွက်ပေါ်လာသောမြင်ရက်စရာမကောင်းလောက်အောင်နေရာယူထားသည့် ရင်ဘတ်နှင့်ဝမ်းဗိုက်တစ်လျှောက်ရစရာမရှိထိခိုက်ထားသည့်ဒဏ်ရာပေါင်းမနည်းလှ။

''ဟားး...''

တုန်ယင်နေသည့်လက်ထဲမှ Scissorကလွတ်ကျသွားမတတ်ဖြစ်သွားရပြီးခြေပင်မခိုင်ချင်တော့။ဒီဒဏ်ရာဒဏ်ချက်များဟာကိုယ့်ကြောင့်ဖြစ်လာသည်ဆိုသည့်အတွေးနှင့်တင် ရင်ထဲမှာဗလောင်ဆူနေရသည်။နှလုံးသားတစ်ခုလုံးနေရာလပ်မရှိအောင် နာကျင်မှုအတိ ရရှိ၍ ဖြစ်နိုင်ရင် ... ဖြစ်နိုင်ရင်ဒီနေရာမှာတင် ကိုယ့်ကိုယ်ကိုဓားနှင့်မွှန်းပစ်၍ အပြစ်ပေးလိုက်ချင်တော့သည်။

Day ဒေး (Completed)Where stories live. Discover now