Episode 15

23.5K 1.1K 109
                                    

မျက်ခုံးစပ်များထိလုမတတ်ကျုံ့ထားမိသည့် ကိုယ့်အား အခန်းအတွင်းရှိလူများခေါင်းပင်မော့၍မကြည့်ရဲကြသည်အထိ ။ ဆေးရုံအုပ်အပါအဝင် ဌာနမှူးများ ဆေးရုံရဲ့ခွဲစိတ်ဆရာဝန်ကြီးများ တချို့ရုံးခန်းအတွင်းရောက်ရှိနေပြီး အားလုံးကြမ်းပြင်သို့ခေါင်းစိုက်ဝင်မတတ်ငုံ့ထားကြ၏။

''မကြာခင် ပင်မဆေးရုံတစ်ခုလုံးကို ကိုယ်ဦးစီးတော့မှာအားလုံးအသိပဲ ကိုယ်အုပ်ချုပ်မယ့်ဆေးရုံမှာ ပေါက်ပန်းစေးလုပ်ရပ်တွေ ဖြစ်နေတာတော့ လက်ပိုက်ကြည့်မနေနိုင်ဘူး''

ခွဲစိတ်ဆရာဝန်ကြီးတစ်ချို့သူတို့တာဝန်ယူထားသည့်ခွဲစိတ်မှုများကို လက်ထောက်များနှင့်လွဲကာ ခွဲစိတ်မှုကိုဦးဆောင်စေပြီး မျက်နှာလွဲခဲပစ်လုပ်ကြခြင်း။သိသိချင်းအံ့သြမင်သက်မိသလို Germany က ကိုယ့်ဆေးရုံတွင်တောင် ဒီလိုလုပ်ရပ်မျိုးကိုဘယ်ဆရာဝန်မှမလုပ်ရဲကြ။ဒီဆေးရုံဟာ မြို့ရဲ့အကြီးမားဆုံးဆေးရုံတစ်ခုဖြစ်သည့်အပြင် ခွဲစိတ်မှုများတွင်နာမည်ကြီးသော ဆေးရုံတစ်ခုဖြစ်သည်။ ဒါကို ဒီလိုပေါ့ပေါ့တန်တန် လုပ်ရပ်မျိုးလုပ်တာက ရှက်စရာကောင်းလွန်းသည့်အပြင် ဒီသတင်းများသာအပြင်သို့ပေါက်ကြားးသွားခဲ့ပါက ဘာမဆိုဖြစ်လာနိုင်၏။

''ကိုယ်ကကိုယ့်ဆေးရုံရဲ့နာမည်ကိုတစွန်းတစထိခိုက်တာမျိုးတောင်မလိုချင်ဘူး လူစားထိုးခွဲစိတ်တာကဘယ်လောက်အန္တရယ်များလဲ အားလုံးအသိပဲ ဒါဥပဒေနဲ့လွတ်ကင်းနေတဲ့ လုပ်ရပ်မျိုးလို့ထင်နေတာလား''

ငြိမ်သက်နေသည့်လေထုအတွင်းကိုယ့်အသံကသာ ရုံးခန်းတွင်းကြည်လင်ပြတ်သားစွာထွက်ပေါ်နေသည်။ ဆေးရုံအုပ်ကိုယ်တိုင် ငြိမ်သက်နေခြင်းဖြစ်၍ ပိုလို့ဒေါသထွက်မိပြီးအားလုံးဟာဒီလောက်ထိပေါ့လျော့လွန်းမည်မထင်ခဲ့ခြင်းမလို့နောက်ဆိုလျှင် ဆေးရုံနဲ့ပတ်သက်တာမှန်သမျှအသေးစိတ်ကလို့ လိုက်၍ကြည့်ရှုရမည်ဖြစ်သည်။

''ခဗျားတို့အတွက်ရော လက်ထောက်ဆရာဝန်တွေအတွက်ရောလုံးဝကောင်းတဲ့အရာမဟုတ်ဘူး အခက်မသင့်လို့တချက်ကလေးသာမှားယွင်းသွားခဲ့ရင်အားလုံး ဒုက္ခရောက်မှာ ခဗျားတို့သတိကပ်သင့်တယ်''

Day ဒေး (Completed)Where stories live. Discover now