Episode 2

52K 2K 97
                                    

အဆက်မပြတ်မြည်နေသည့်ဖုန်းသံကြောင့်အိပ်ယာကနေလန့်နိုးလာခဲ့သည်။ ပင်ပန်းနေသည့်အပြင် ဆက်တိုက်အိပ်ရေးပျက်ထားသည်မလို့ တစ်ကိုယ်လုံးမလှုပ်ချင်မထချင်နှင့် မျက်လုံးများဟာလည်းမနည်းပင်အားဖွင့်ယူရသည်။စားပွဲပေါ်ကဖုန်းကိုလှမ်းယူလိုက်ပြီးကြည့်လိုက်သည့်အခါ။

''ကျစ်! ထပ်ပြီးဘယ်လိုသိပြန်ပြီလဲ''

စိတ်ရှုပ်စွာနှင့်ဖုန်းကိုချလိုက်ပြီးနောက်ထိုနံပါတ်ကို block listထဲထည့်လိုက်သည်။ ဒါ ဒေး ဖခင်၏အတွင်းရေးမှူးဖြစ်သူဖုန်း... သေချာပေါက်အိမ်တော်ကိုလာခဲ့ရန် ခေါ်ခြင်းဖြစ်သည်မလို့ လျစ်လျှူရှုလိုက်သည်။အဆက်သွယ်ရနေမည်စိုးသောကြောင့် Sim တွေအမြဲပြောင်းသုံးနေပေမယ့်သုံးသမျှ cardတိုင်းကိုရှာဖွေပြီးလိုက်ဆက်သွယ်သည်မလို့ ဒေးတစ်ခါတစ်ရံအကျပ်ရိုက်မိ၏။

Ring Ring!

ထပ်ပြီးမြည်လာသည့် Vibrate အသံဟာ အဆက်မပြတ်နားထဲဝင်လာသည်မလို့ စိတ်ရှုပ်ထွေးလာ၍ ဖုန်းမျက်နှာပြင်ထပ်လှမ်းကြည့်လိုက်သည်။

''ဥက္ကဌကညစားတူတူစားရအောင်လို့ပြောပါတယ်စံအိမ်ကိုသခင်လေးလာပေးပါဦး''

''ဥက္ကဌရဲ့ကျန်းမာရေးကိုလည်းလာစစ်ဆေးပါဦး''

''လာဖြစ်အောင်လာပေးပါလာဖြစ်ရင် ဥက္ကဌကလက်ရှိ Villaကို ပြန်သိမ်းပါမယ်လို့ပြောပါတယ်''

''စော_က်ဂွပဲ ငါ-ိုးမ...''

လက်ထဲကဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီးနောက် မွေ့ယာထက်ကိုပစ်ပေါက်လိုက်ကာ အိပ်ယာကထလိုက်သည်။မနက်ခင်းကစလို့ကျက်သရေယုတ်သွားသည့်ဒီနေ့တွင်လည်း ဒေး ကျိန်းသေပေါက်စိတ်ပင်ပန်းဦးမည်။ဗလာကျင်းနေသည့်ခန္ဓာကိုယ်နှင့်အတူ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းနေရာတစ်ခုအား ညက မဆေးကြောလိုက်ရသည့်အတွက် ရေချိုးရန်လိုသည်ဟုတွေးလိုက်ပြီး Bathroom ထဲဝင်လာခဲ့သည်။

Day ဒေး (Completed)Where stories live. Discover now