"ချစ်တယ်နော်''
''အင်း''
ဒေး သူ့လက်ကိုမသိမသာခါလိုက်ပြီး ပေါင်လယ်ထိရောက်နေသည့် ဘောင်းဘီနှင့် boxer အားဆွဲတင်ကာသေချာပြင်ဝတ်လိုက်၏။ဟန်လေးကတော့ဒူးထောက်အနေထားနှင့်ငြိမ်သက်နေတုန်းပင်။
''လိုချင်တာရှိလား''
''ဟန်လေးကပိုက်ဆံကြောင့်ဒေးကိုကပ်နေတယ်ထင်တာလား''
''မေးတာပဲဖြေ''
''ဒေးကလွဲလို့မရှိဘူး''
ဒေး ဟန်လင်းရဲ့ရှေ့တွင် လက်ပိုက်ကာရပ်ကြည့်နေလိုက်သည်။ ပေကပ်စွာကြမ်းပြင်တွင်ဒူးထောက်လျက်ဟန်လင်းမျက်နှာမှာဒေးအားမကျေနပ်ဟန်အပြည့်။
''မင်း ထဖို့အစီစဥ်မရှိဘူးလား''
ဒေးပြောလိုက်သည့်အခါ ဟန်လင်းက ထလာပြီး အဝတ်စားများကိုပြင်ဝတ်သည်။ထို့နောက်ဒေး အနားရောက်လာပြီး ဒေးရဲ့ရင်ခွင်ကျယ်တွင်းမျက်နှာအပ်ကာ ဖက်ထား၏။သိသိသာသာကွာခြားသည့်အရပ်ကြောင့် ဒေးနဲ့ယှဥ်ရင် ဟန်လေးရဲ့ခန္ဓာကိုယ်ကသေးသေးကွေးကွေး။
''Bank ထဲ သိန်း၂၀၀ထည့်ပေးလိုက်မယ် ကိုယ်အဆက်သွယ်မလုပ်မချင်း ငြိမ်နေလိုက်''
ထိုအခါ ဟန်လင်း က ဒေးကိုဖက်ထားရာမှဖယ်ခွာ၍ မျက်ခုံးများတွန့်ချိုးကာ။
''ဒေး...အခု ဘာပြောလိုက်တာလဲ''
''နှစ်ခါပြောရမှာလား''
''ဟန်လေးကိုနည်းနည်းလေးတောင်စိတ်မရှိတာလား''
ဒေး ဟက်ခနဲ ရယ်လိုက်ပြီးနောက် ဟန်လင်းကိုကြည့်လိုက်သည်။
''မင်းအနီးအနားပတ်ဝန်းကျင်မှာစုံစမ်းကြည့်လိုက် ငါဘယ်သူ့ကိုမှအတည်တကျ မ -ိုး ဘူး''
''ဒေး... ဟန်လေးကိုတော့ချစ်ပေးပါ ဟန်လေး ဒေးကိုချစ်မိနေပြီ...ဟန်လေးတို့ ဒီရက်ထဲအများကြီးနေပြီးပြီလေ ဒေးပဲ ဟန်လေးကိုသဘောကျတယ်ဆို''
''အကြိမ်ရေ အများကြီးလုပ်တိုင်းသာ ငါကချစ်ရမယ်ဆို ဆော်တွေရောဘဲတွေရော ငါ့အနားမှာလက်ချိုးရေတွက်လို့ရမှာမဟုတ်ဘူး နားလည်လား''

YOU ARE READING
Day ဒေး (Completed)
RomanceThink about whether you should read this first because you can have a rude expression. Wana Day × Sam Thet Ta Kyaw စိတ်ကူးယဥ်ဖန်တီးထားသည့်ဇာတ်အိမ်နှင့်ဇာတ်ကောင်များသည် အပြင်လောကနှင့်သက်ဆိုင်မှုမရှိကြောင်း ကြိုတင်သတိပေးသည်။