Episode 17

30.1K 1.4K 131
                                    

ပြတင်းပေါက်မှန်မှတဆင့်ဝင်လာသည့်နေရောင်ခြည်သည် ဒေးအပေါ်တိုက်ရိုက်ကျရောက်နေသည်။ဝင်းဝါကြည်လင်သည့်အသားအရည်မှာနေရောင်ခြည်၏အကူအညီနှင့်ပို၍တောက်ပလျက်ရှိပြီး eyebrow piercing ကြောင့်တလက်လက်ဖြစ်နေသည့်ခပ်ချောချောမျက်နှာထက်တွင်ချွေးသီးချွေးစများတွဲခိုနေသည်။

Push Up အကြိမ်၃၀၀ ပြုလုပ်ပြီး Plank ထောက်နေသည်မှာ မိနစ်၃၀ ကျော်ပြီဖြစ်သည်။ အရင်လကထိ Gym ဆော့ဖြစ်ပါသော်လည်းအခုလကတော့အကြောင်းအမျိုးမျိုးနှင့် အဲ့ဒီဘက်ကိုအချိန်မပေးနိုင်သည့်အခါ Workout သာလုပ်ဖြစ်နေ၏။

Ring Ring Ring!

ဖုန်းသံကြောင့် ဒေး Plank ထောက်ထားခြင်းမှ ရပ်ကာမတ်တပ်ရပ်၍ ဖုန်းရှိရာသို့လျှောက်သွားလိုက်သည်။ ခုံပေါ်တင်ထားသည့်သဘက်အဖြူအားယူကာ ရင်အုပ်ကျယ်များကြားမှ ဝမ်းဗိုက်ကြွက်သားတစ်လျှောက် စီးကျနေသည့်ချွေးစများကို သုတ်လိုက်ပြီးနောက် ဖုန်းကိုကိုင်လိုက်၏။

''ပြော...''

''120000 တဲ့ ဟေ့ရောင်ရေ''

ဒေးတချက်တော့တွေဝေသွား၏။ဒေးမျက်စိကျနေသည့် BMW Hp4 Race Cycleမှာ အနည်းဆုံး 1သိန်းအတိ လောက်သာဟုမှန်းထားသော်လည်း ထင်ထားတာထပ်အနည်းငယ်ပိုနေသည်။

''120k အတိပဲလား''

''ငွေစျေးအတက်အကျနဲ့ဆို အစွန်းထွက်တော့နည်းနည်းပါမယ်ထင်တယ်''

''ငွေချေလိုက် အံ့ထူး''

''တကယ်ချမှာလား အိမ်ပဲဝယ်လိုက်ပါတော့လားဒေးရာ... မင်း သူများအိမ်မှာကပ်နေပြီး သိန်းနှစ်သောင်းကျော်တန် Cycleဝယ်စီးတာကြီးကျ နည်းနည်းစောက်ရှက်မရှိရာမကျဘူးလား''

အစကတော့အိမ်ဝယ်ရန်တွေးထားပါသော်လည်း သူများအိမ်တွင်ကပ်နေသည်က တစ်ယောက်ထဲနေတာထပ်ပို၍အဆင်ပြေနေသည့်အပြင် ၂၄နာရီမီးလာခြင်း အစားကောင်းသောက်ကောင်းစားရခြင်းတို့ကြောင့် ဒီအိမ်တွင်ခဏဆက်နေပြီးCycleကိုဝယ်ရန်သာစဥ်းစားလိုက်သည်။သဘောကျသည့်အရာဆို ချက်ချင်းလက်ငင်းလက်ဝယ်ပိုင်ဆိုင်ရမှကျေနပ်သည့်ဒေးအတွက် သုံညတွေက ဒီအတိုင်း ကိန်းဂဏန်းတစ်ခုသာသာပင်။

Day ဒေး (Completed)Where stories live. Discover now