Episode 27

32.9K 1.7K 198
                                    

လမ်းမထက်တွင် ကားများရှင်းသောအနေအထားဖြစ်နေ၍ဒေးဆိုင်ကယ်အားအရှိန်မပြတ်တင်ထားပြီး မောင်းနှင်လာခဲ့သည်။အချိန်အားဖြင့်၁၀ နာရီဝန်းကျင်ဖြစ်ပြီး လူသာရှင်းသွားသော်လည်း ကားတွေကတော့ကျန်နေဆဲပင်။

ထိုစဥ် ဆိုင်ကယ်အနားသို့ကပ်၍လာသောကားသုံးစီးfairlady 350z အနက်တစ်စီး ၊ honda crz အဖြူတစ်စီး honda civic type r အပြာရောင်တစ်စီး အားဒေး backမှန်ထဲတွင်မြင်နေရသည်။ဘေးနှစ်ဖက်တွင်တစ်စီးစီရှိနေပြီးအနောက်ဘက်တွင်တော့ တစ်စီး ညှပ်ထားခြင်း။

Alcohol ဝင်ထားသည့်အရှိန်နှင့် စိတ်အခြေအနေဟာရန်လိုနေသည့်အနေအထားဖြစ်နေသည့်အတွက် ဘာပြသာနာမှမဖြစ်စေရန် လျစ်လျှူရှုလိုက်ပါသော်လည်း။

''စော_က်ရူး -ီးလိုလမ်းလာပိတ်နေတာလား''

ဒေးလှည့်ကြည့်လိုက်သည့်အခါ နီစပ်စပ်မျက်နှာနှင့်ကောင်တစ်ကောင်မှာကားမှန်ချ၍ဆဲရေးတိုင်းထွာနေခြင်း။ ထို့နောက်အရှေ့တိုးကပ်လာသည့် ဒေးအနောက်မှ honda crz မှာဆိုင်ကယ်အနောက်သို့အနည်းငယ်ပွတ်မိသွားတာကြောင့် ဒေးဟန်ချက်မပျက်အောင်ထိန်း၍ လမ်းဘေးတစ်နေရာတွင်ရပ်လိုက်သည်။

ထိုအခါပြိုင်ကားသုံးစီးလုံးဆိုင်ကယ်နှင့်မနီးမဝေးနေရာတွင်ရပ်လိုက်ပြီး အနောက်သို့ဆုတ်လာကြ၏။

''ငါ-ိုးမ''

တီးတိုပြောဆိုလိုက်ကာ ဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီးနောက် ဆိုင်ကယ်အနောက်အခြေအနေကိုကြည့်လိုက်ရင်း ခပ်ဟဟရယ်လိုက်ရင်း ပါးစောင်ကိုလျှာထိုးလျက် ကားပေါ်ကနေကိုယ်စီဆင်းလာကြသော လူသုံးယောက်အားလှမ်းကြည့်လိုက်သည်။ နှစ်ယောက်မှာဒီအတိုင်းလက်ဗလာနှင့်ဖြစ်သော်လည်း နောက်တစ်ယောက်က Baseball Bat ကိုကိုင်ထားသည်မလို့ရယ်ချင်သွား၏။

Cycle Helmet ကိုချွတ်ကာ ညာလက်နှင့်ခပ်တင်းတင်းကိုက်ထားလိုက်ရင်း ဆံပင်များထဲလက်ချောင်းများထိုးထည့်၍ဖွလိုက်ကာ အနားသို့လျှောက်သွားလိုက်သည်။

''Honor CRZ ကိုဘယ်ခွေးသူတောင်းစားမောင်းတာလဲ''

ဒေးမေးလိုက်သည့်အခါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းရယ်သည်။ဘေးချင်းယှဥ်ရပ်နေသည့်အနေအထားမှ တစ်ယောက်မှHonor CRZ ကားရဲ့နောက်ဖုံးကိုမှီလျက်။

Day ဒေး (Completed)Where stories live. Discover now