Day ဒေး (Extra Episode 1.1)
''ပါတဲ့ပိုက်ဆံသာမြန်မြန်ပေးစမ်းပါ''
ကျောပိုးအိတ်ကို တဖက်သို့ဆွဲလှည့်ယူလိုက်ပြီး အရှေ့အိတ်တွင်ထည့်ထားသည့် မုန့်ဖိုးနှင့် တကွ စုထားသည့်ပိုက်ဆံ တို့ကို တစ်စုတစ်စည်းတည်း ထုတ်ယူနေချိန် လက်ထဲမှာရှိသည့်ပိုက်ဆံအထပ်လိုက်ကိုဆွဲယူခြင်းခံရသည့်အတွက်ထူးမျက်ခုံးတွေပင့်သွားရသည်။
''နည်းနည်းတော့ပြန်ပေးခဲ့ပါ ကျော်စွာ...အဲ့တာငါ့တစ်လစာမုန့်ဖိုးမလို့ပါ''
''မင်းထွက်သွားလိုက်တော့ ဆရာမကိုတိုင်ရင် မင်းမျက်ခွပ်စုတ်ပြီသာမှတ်''
''မဟုတ်သေးဘူး ပြန်ပေးပါ ကျော်စွာ ငါ့ကိုတဝက်လောက်တော့ပြန်ပေးခဲ့ပါကွာ''
ကျော်စွာက လက်ထဲကပိုက်ဆံတွေကို အနောက်သူ့သူငယ်ချင်းထံကို လှမ်းပေးပြီး ထူး ရဲ့ အင်္ကျီစ တစ်ဖက်ကိုခပ်တင်းတင်းဆွဲကိုင်ကာ ။
''ချမ်းသာတဲ့အိမ်က အဖိုးတန်လေးမလား ဘာတွေနှမြောနေတာလဲ အသားနာချင်နေတာလား''
''မဟုတ်ဘူး ငါ....''
ခွပ်!
ကျရောက်လာသည့်နာကျင်မှုနှင့်အတူ ခေါင်းတစ်ခုလုံးချာချာလည်သွား၍ အနောက်သို့လှန်ကျသွားတော့ ရင်ဘတ်ကိုပါရောက်ရှိလာသည့်ကန်ချက်တွေ အချက်ပေါင်းမနည်းပေ။ကြိတ်မှိတ်သည်းခံရုံအပြင်ဘာမှမတတ်နိုင်။ဒီလိုအုပ်စုဖွဲ့အနိုင်ကျင့်မှုကို ခံနေရသည်က အခုမှမဟုတ်ပဲ။ကျော်စွာတို့အုပ်စု ထူးဆီမှ အတင်းလုယူခဲ့သည့်ပိုက်ဆံတွေမနည်းလှ။ထိုပိုက်ဆံတို့အပြင် ကန်ကျောက်ရိုက်နှက်၍ရခဲ့သည့်ဒဏ်ရာဒဏ်ချက်တွေလည်း ရှိသည်။
စိတ်ဒဏ်ရာမဖြစ်အောင်နေနေခြင်းတွင် ထိုအုပ်စုကိုမြင်သည်နှင့် ကြောက်ရွံထိတ်လန့်ခြင်းတို့စိုးမိုးလျက် အသားတွေပါတုန်ယင်လာသည်အထိ ဖြစ်လာရသည်။သို့သော် ဘယ်သူ့ကိုမှတိုင်တောခြင်းမပြုနိုင်ခဲ့။ဒဏ်ရာဒဏ်ချက်တွေရလာလို့ မယ်မယ်တို့မေးမြန်းခြင်းတွက် ဘောလုံးကန်ရင်းထိခိုက်မိခြင်းဟုလိမ်ညာဖြေတိုင်း ဒီလိုဒဏ်ရာရသည့်အထိ ကစားရသလားဟု ပြောရင်းဆိုရင်း ထပ်၍အပြစ်ပေးခံရသည်။ဒီအတိုင်းဆို ထူး ကျောင်းပြောင်းဖို့ ဖေဖေ့ကတဆင့်မယ်မယ့်ကိုပြောခိုင်းမှဖြစ်တော့မည်။ဒီဒဏ်တွေ ထပ်ပြီးမခံစားချင်တော့...။

YOU ARE READING
Day ဒေး (Completed)
RomanceThink about whether you should read this first because you can have a rude expression. Wana Day × Sam Thet Ta Kyaw စိတ်ကူးယဥ်ဖန်တီးထားသည့်ဇာတ်အိမ်နှင့်ဇာတ်ကောင်များသည် အပြင်လောကနှင့်သက်ဆိုင်မှုမရှိကြောင်း ကြိုတင်သတိပေးသည်။