Episode 30

24.9K 1.4K 472
                                    

''အမှန်တိုင်းပြောရရင် ငါနင့်ကိုသဘောမကျဘူး''

ဒေး အား မကြည်သလိုမျက်လုံးများနှင့်ကြည့်၍ လက်နှစ်ဖက်ပိုက်ကာ ပြောလာသည့် နေခြည်ဟိဏ်းနွယ်အား လှမ်းကြည့်၍။

''လိုလား...''

ဒေးရဲ့အမေးကို နေခြည်ဟိဏ်းနွယ်က နားမလည်ဟန်နှင့်မျက်ခုံးများစုကျုံ့သွားကာ။

''ဘာကိုလဲ''

''ကျုပ်ကိုခဗျားသဘောကျဖို့လိုလားလို့... ခဗျားအစ်ကိုသဘောကျရင်ရပြီလေ''

သူမကလက်သီးနှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်၍ အရှေ့သို့ထုတ်ရင်း တဟင်းဟင်းနှင့်ဒေါသများထွက်နေသည့်ပုံစံနှင့်။

''ငါကူညီပေးခဲ့တာနော် ကျေးဇူးမကန်းနဲ့''

''ခဗျားကျေးဇူးကြောင့်ကျုပ်စောက်ရှက်လဲကုန်ပြီ...ခဗျားအစ်ကိုလည်းကျုပ်ကိုအခုထိစကားတစ်ခွန်းမှပြန်မပြောဘူး''

''နင်ကလူရမ်းကားကိုး''

ဒေးဘာမှမပြောတော့ပါပဲ မျက်နှာလွှဲထားလိုက်သည်။ဖြစ်ပျက်သမျှအားလုံး မနက်ကချက်ချင်းပင် သူမကိုယ်တိုင်ပြန်လာရှင်းပြခဲ့သည့်အတွက် နေခြည်ဟိဏ်းနွယ်ကဦးသတ္တရဲ့ညီမဖြစ်နေမှန်းသိခဲ့ရသည်။

အရှက်လဲတော်တော်ကွဲသွားရသလို ဘုမသိကိုးမသိ နှင့်ပြောဆိုမိပြီး ဦးသတ္တကိုလည်း အဲ့ဒီနေရာကဆွဲခေါ်လာခဲ့တာကြောင့် သူတို့မိသားစု Dinnerပျက်သွားရ၍ ဦးသတ္တကဒေးအားစိတ်ဆိုးသွားပုံရသည်။

ဒါကြောင့်ပဲ ဒေးရဲ့စကားတွေကိုဘာတုန့်ပြန်မှုမှမပေးပါပဲ အခုမနက်အထိ စကားတစ်လုံးမှပင်ပြန်မပြောသည့်အခါ ကမ္ဘာပျက်နေရသလိုဖြစ်နေသည်က ဒေးပင်။တစ်ညလုံး အိပ်မရပါပဲ မိုးလင်းဖို့သာထိုင်စောင့်နေရပါသော်လည်း မိုးမလင်းခင်စောစောစီးစီးရောက်ချလာသည့်ဘွားတော်တော်ကြောင့်အာရုံနောက်ရပြန်သေးသည်။

''ထိုင်မနေဘဲ သွားကူလိုက်''

ဒေးအား Kitchen ဆီသို့မေးငေါ့ပြရင်း သူမက ဖွင့်ထားသည့် TV တွင်လာနေသည့် Netflix movie ဆီသို့အကြည့်ပို့ထားသည်။

''ကျုပ်ကဘာလို့လဲ''

''ဟဲ့ဒီတိုင်းနေလို့ရမလား နင့်ကိုစိတ်ဆိုးနေတာမလားနည်းနည်းပါးပါးစကားသွားပြောလေ''

Day ဒေး (Completed)Where stories live. Discover now