Episode 21

19.2K 1.1K 203
                                    

''ကျွန်တော်ပြန်သွားပြီးနောက်ရက်ဆို ဆေးရုံလာလို့ရပြီ အရိုးအထူးကုနဲ့ သေချာကုပါ မဟုတ်ရင်ဒီ့ထပ်ဆိုးလာနိုင်တယ် အမေကြီး''

ခြံတွင်အလုပ်လုပ်ကြသည့်သူများထဲမှ အသက်အကြီးဆုံးဖြစ်သည့် အမျိုးသမီးတစ်ယောက်မှ ဒူးနာခြင်းဝေဒ နာအတော်လေးခံစားနေရသည့်အတွက် ထိုအရာအားကြည့်ပေးခြင်းဖြစ်ကာ အရိုးအထူးကုနှင့်ပြသင့်သည့်အနေအထားဖြစ်ပြီးအတော်လေးပင်အခြေအနေဆိုးလျက်ရှိသည်။

''ကျေးဇူးတင်ပါတယ် ဆရာ အမေ တို့ကလည်းတစ်နေ့လုပ်တစ်နေ့စားဆိုတော့ကာ  ဆေးပေးခန်းတောင်မယ်မယ်ရရရယ်မပြနိုင်ပါဘူးကွယ်''

''ဟား...အဲ့တာကျွန်တော့်ဆေးရုံပါခဗျာ ဆေးရုံကိုသွားမယ့်ရက်ကိုကြိုပြီးဖွားဖွားကိုပြောလိုက်ပါ ကားစီစဉ်ပေးပါလိမ့်မယ် လူသာလာရုံပဲဟုတ်ပြီလား''

ခပ်နွမ်းနွမ်းချည်ထမီအား ဒူးကိုပြန်ဖုံးလိုက်ပြီးနောက်သူမ ထိုင်ရာမှထခြင်းကိုကူ၍တွဲပေးလိုက်သည်။

''ဆရာ သက်ရှည်ကျန်းမာပါစေကွယ် ချစ်တဲ့သူနဲ့လဲပေါင်းဖက်နိုင်ပါစေ အမေဆုတောင်းပေးတယ်''

''ပေးတဲ့ဆုနဲ့အမြန်ဆုံးပြည့်ရပါလို၏ဗျာ''

မော်လမြိုင်ပြန်ရောက်နေသည်မှာ၃ရက်မြှောက်ရှိပြီဖြစ်ပြီးနေရာစုံလည်ပတ်ပြီးဖြစ်သလို ခြံတွင်းရှိ လူများနှင့်လဲတရင်းတနှီးစကားပြောဖြစ်သည်။ဝေးကွာသွားသော ဆယ်စုနှစ်တာကာလတွင်း သိပ်တော့ပြောင်းလဲခြင်းမရှိ အရင်တိုင်း သာယာမြဲသာယာစဲ။

ငယ်စဉ်က နေထိုင်ခဲ့ပါသော နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးမှာအခုဆိုတိုက်ခံအိမ်တစ်လုံးအဖြစ်ရှိနေပြီး ခမ်းနားထည်ဝါလွန်းလျက်။ အန်တီနွယ်တို့ရန်ကုန်မြို့ပေါ်မှာနေဖို့ဘယ်လောက်စည်းရုံးစည်းရုံး ကိုယ့်တစ်သက် သက်တမ်းရှိသည့်အိမ်အား ဖွားဖွားမခွဲချင်လဲမခွဲချင်စရာ။ ခြံကျယ်ထဲတွင် စိုက်ပျိုးထားပါသော သီးပင်စားပင် ပန်းပင်များ။ ပြီးတော့ငါးကန် ၊ လှောင်အိမ်ထဲမှယုန်လေးများနှင့်တခြားတိများမွေးမြူရင်း အိုဇာတာကောင်းလွန်းသည့်ဖွားဖွားမှာ ကျန်ရှိနေသည့်ဘဝသက်တမ်းကိုသူ့သဘောကျ ဒီလိုမျိုးရိုးရိုးရှင်းရှင်းဖြတ်သန်းနေသည်လေ။

Day ဒေး (Completed)Where stories live. Discover now