Episode 49

32.6K 2K 390
                                    

''မင်းကဘာကောင်မလို့ ငါ့ကိုအလုပ်ဖြုတ်ရတာလဲ''

တန်ဖိုးကြီးအဆင်တန်ဆာများနှင့်အလှဆင်ထားသည့် Winner Group ဥက္ကဌ၏ရုံးခန်းအတွင်း လူ ၅ဦးထပ်မနည်းရှိနေပြီးထိုလူများဟာ Winner Groupရဲ့တာဝန်ရှိသူရာထူးအကြီးပိုင်းမှ လူများဖြစ်သည်။ထို့လူများအနက်မှ လူတစ်ယောက်ဟာ အော်ဟစ်သောင်းကျန်းလျက်ရှိပြီး Cigarette ဖွာရှိုက်နေသည့်ဒေးမှာ ထိုလူအားကျောခိုင်းထား၍ မြို့တစ်မြို့လုံးရဲ့မြင်ကွင်းကို မျက်စိဇိမ်ခံကြည့်ရှုနေသည်။

''ငါ ဥက္ကဌကြီးလက်အောက်မှာCompany လုပ်သက် သက်တမ်း၁၅နှစ်ကျော်ပြီ ဒီလိုဝန်ထမ်းတစ်ယောက်ကိုထုတ်ချင်တိုင်းထုတ်လို့ရတဲ့အစဥ်အလာမရှိဘူးကွ''

ဒေး ထိုလူ့အားလှည့်ကြည့်လိုက်ပြီး အနားသို့တိုးသွားလိုက်သည့်အခါ ခက်ထန်နေသည့်မျက်နှာအမူအရာမှကြောက်ရွံ့ထိတ်လန့်သွားဟန်နှင့်အနောက်သို့ဆုတ်သွားသည်။

''ဘယ်သူ့ရှေ့မှာ စောက်သံလာကျယ်နေတာလဲ...''

''ဘာ...ဘာ..''

''ဦးဝဏ္ဏကျော်စွာ ဒီခုံပေါ်ကဆင်းသွားတာ ၁၅ရက် ရှိပြီ...အခုခဗျားရှေ့မှာရပ်နေတာ ဝဏ္ဏဒေးဆိုတဲ့ကျုပ်ပဲ...ကျုပ်က လုပ်သက် သက်တမ်းကိုမကြည့်ပဲ စောက်ချိုးကိုကြည့်တဲ့ကောင် ...''

ထိုလူမှာငြိမ်သက်တိတ်ဆိတ်သွားသလို ဘာမှဆက်မပြောနိုင်တော့ပေ။ကျန်သည့်ထိုလူရဲ့အပေါင်းအပါများကတော့ ခေါင်းကိုကြမ်းကိုထိလုမတတ်ငုံ့ထားကြပြီး ဘာကိုမှဝင်မပြောချေ။

ဒေး စီးကရက်ကိုတစ်ဖွာရှိုက်လိုက်ပြီးနောက် လက်ကြားညှပ်ထားကာ ထိုလူအနားသို့တိုးသွားလိုက်သည်။ထိုလူ စည်းနှောင်ထားသော Necktie က နေ ရှေ့သို့အားနှင့်ဆောင့်ဆွဲလိုက်သည့်အခါ ထိုလူသည် ဒေးနှင့်မျက်နှာချင်းဆိုင်အနေအအထားတွင်နီးနီးကပ်ကပ်ရှိနေသည့်အတွက် မျက်လုံးချင်းမဆုံနိုင်သောကြောင့် အကြည့်တို့ဟာအခြားသို့လွှဲချထားသည်။

''အစဥ်အလာတွေ ထုံးတမ်းတွေဓလေ့တွေ ကျုပ်ရှေ့လာမပြောနဲ့ ...ကျုပ်အုပ်ချုပ်တဲ့အချိန်ကစပြီးအချောင်နေအချောင်စားနေတဲ့ခဗျားတို့လိုလူအိုကြီးတွေအတွက်ခြေချဖို့တောင် နေရာမပေးနိုင်ဘူး ရှင်းလား''

Day ဒေး (Completed)Where stories live. Discover now