Episode 43

16.8K 1.3K 353
                                    

>>>>>>>>>>>

''အဆင်ပြေပါ့မလား''

''တော်သေးတယ် အစ်ကို...အကြောတွေမထိပေမယ့် ဒဏ်ရာတွေကအရမ်းနက်တယ်''

ဒေး အိပ်ယာပေါ်ကျောမှီထား၍ မျက်လုံးတွေလည်းမှိတ်ချထားသည်။ကကြီးနဲ့ဖိုးပြည့်က ဒေးလက်ဖမိုးနှင့်လက်ဆစ်တွေကြားဝင်သွားသော မှန်ကွဲစများကိုထုတ်ပေးနေပြီး အံ့ထူးကသွေးမြင်လို့မရသည့်ကောင်ဖြစ်၍ မျက်နှာကိုလွှဲထားရင်း ဒဏ်ရာအခြေအနေကိုမေးနေခြင်း။

သျှန်ကတော့ခပ်လှမ်းလှမ်းကSofaတွင်ထိုင်၍ သွေးမြင်ပြီး မျက်နှာဖြူရော်နေသည့်အံ့ထူးအားစိတ်ပျက်လက်ပျက်ထိုင်ကြည့်နေ၏။

ဒေး နာကျင်မှုကိုတစ်စက်ကလေးမျှပင် မခံစားရအောင်ထုံထိုင်းနေပြီး လူသေကောင်လိုဖြစ်နေ၏။ ခန္ဓာကိုယ်တစ်ခုလုံးမီးပြင်းပြင်းနှင့် မြှိုက်ထားသလိုပူလောင်လျက်ရှိပြီး အဖျားဝင်နေသည့်အရှိန်၊ ထိုးထားသည့်ဆေးအရှိန်တွေကြောင့် မျက်လုံးများလေးပင်နေသော်ငြား မအိပ်စက်နိုင်။

ဒေးမျက်လုံးတွေမဖွင့်ရဲ...မျက်လုံးတွေရစရာမရှိအောင်နီရဲ၍ ယောင်ရမ်းနေသည်ကို ကိုယ်တိုင်သိသောကြောင့်ပင်။ ဒီနေရာကိုဘယ်လိုရောက်လာခဲ့လဲဆိုတာပြန်စဉ်းစား၍မရ သည့်အပြင် ဒေး စိတ်နှင့်လူနှင့်ကပ်သည့်အချိန် ခန္ဓာကိုယ်တစ်ခုလုံးမိုးရေများစိုရွှဲလျက်ရှိပြီး လက်တွင်လည်း ကားမှန်တစ်ချပ်လုံးကွဲကြေသွားအောင်ထိုးထားသည့်ဒဏ်ရာရှိနေသည်။

ဒေးလက်မှသွေးတစက်စက်ကျနေသည့်ဒဏ်ရာနှင့်အထဲဝင်လာသည့်အခါ ဝန်ထမ်းတွေရော အံ့ထူးကပါအံ့သြတကြီး ဖြစ်သွားရ၍အားလုံးထိတ်လန့်ကုန်ကြသည်။သွေးစက်လက်ဖြစ်နေသည့်ဒေးရဲ့ဒဏ်ရာကိုကြည့်ကာ အံ့ထူးက မူးဝေနေပြီး ဒေးအနားသို့မရဲတရဲရောက်လာသော်လည်းဘာမှမလုပ်ပေးနိုင်သည့်အတွက် သျှန့်ကိိုဖုန်းဆက်ခေါ်ပြီးဒေးအခြေအနေကို လာကြည့်ခိုင်းသည့်အခါ သျှန်ကလဲချက်ချင်းရောက်လာ၍ ဒေးဒဏ်ရာကိုကြည့်ပေးပြီး အခြေအနေဆိုးတာကြောင့် ကကြီးနှင့်ဖိုးပြည့်ကိုခေါ်လိုက်ကာလာခိုင်းလိုက်သည်။မိုးရေစိုနေသည့်အဝတ်စားများကိုလဲဖို့သျှန်က ကူညီပေးပြီး အခြားတစ်စုံတစ်ရာတော့မေးမြန်းခြင်းမရှိခဲ့။

Day ဒေး (Completed)Where stories live. Discover now