Episode 55

24.5K 1.3K 697
                                    

စိတ်လှုပ်ရှားနေသည်က စကားလုံးနှင့်တောင် ဖော်ပြလို့မရတော့သည်အထိပင်။လက်ဖျားတွေအေးစက်နေပြီး ဘာမှလုပ်မရ၊ကိုင်မရသည်အထိဖြစ်နေ ၍ အနားတွင်လူတွေရှိနေတာတောင်သတိမထားမိဟန် ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နှင့်။

ဖြစ်ပျက်နေသမျှစိတ်ပျက်လက်ပျက် ကြည့်ရှုနေသောဒေါ်နေခြည်နှင့် အံ့ထူးကို ဟာလည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ခေါင်းခါလိုက် ။ သို့ပေမယ့်အချိန်အတန်ကြာသည်အထိ ဂဏှာမငြိမ်သည့်ဒေးအားကြည့်၍ ဒေါ်နေခြည်ကစကားစလာသည်။

''ဝဏ္ဏဒေး...ငါမူးနောက်လာပြီနော်''

''ကျုပ် မရတော့ဘူး ခဗျားအစ်ကိုနဲ့ယူချင်လှပြီ''

''ဟဲ့...နင့်ဘယ်သူကမယူနဲ့ပြောနေတုန်း''

''ခဗျားတို့ စည်းခြားထားတာလေ...ဘယ်အချိန်မှတွေ့ရမှာလဲ''

အားလုံးပြင်ဆင်ပြီးဖြစ်သလိုနောက်နာရီဝက်နေမှအခမ်းအနားစမည်ဖြစ်သည်။Bavaria ရောက်ကတည်းက တစ်ရက်မှအိပ်လို့မရခဲ့သလို
လူယုတ်မာတစ်စုကြောင့် ဟိုဒင်းဖြစ်ဖို့မပြောနဲ့ တွေ့ရသည့်အချိန်တောင်မရှိသလောက်ရှား၏။
ဒီလူက သူ့မှိုတက်နေတဲ့ပိုက်ဆံတွေကို Resort တစ်ခုလုံးကိုငှားပစ်လိုက်ပြီး Weddingပွဲတက်လာသည့်လူတွေအားလုံးကို နေစေသည့်အခါ သူ့မှာအရပ်တကာလှည့်၍ပျော်မဆုံးပေမယ့် ဒီကကောင်ကတော့ ဟိုပြေးရမလိုလိုဒီပြေးရမလိုလို။

ဒီကြားထဲ မင်္ဂလာပွဲရက်နီးလေလေ Grandma တို့ကချုပ်လေလေ ။ တစ်ယောက်နဲ့တစ်ယောက်မဆုံခိုင်းပါပဲ အကြောင်းပြချက်မရှိ ရှောင်ခိုင်းသည့်အပြင် တစ်ယောက်တစ်နေရာခွဲအိပ်ခိုင်းထားသည်။ဒေါ်နေခြည်ကတော့ဒီလိုလုပ်တာက မင်္ဂလာဦးညအတွက်ပိုရင်ခုန်ရအောင်ဆိုပဲ...အဟွန်း!ဒါမျိုး ကြိုက်တော့ကြိုက်ပေမယ့် ယူရမယ့်သတိုးသားမျက်နှာကို မေ့သည်အထိခွဲထားခြင်းကတော့မလွန်ဘူးလား။

''အခမ်းအနားစမှနင်ကဝင်ရမှာလေ...သူကဧည့်ခံနေတုန်း''

''အေးလေကွာ မိနစ်၂၀လောက်ပဲလိုတာကို...''

ဒေး အံ့ထူးကိုရော ဒေါ်နေခြည်ကိုပါကြည့်ပြီးမျက်ခုံးများကိုစုကျုံ့လိုက်မိသည်။

Day ဒေး (Completed)Where stories live. Discover now