UNICODE
"ဂျဲနိုရား....ဂျဲနို ....မင်းဖေဖေကို ပြန်ထူးပါဦး"
မနက် သုံးနာရီ အချိန်။
အဆောင်ခန်းသည် ပကတိ တိတ်ဆိတ်နေပြီး နာဂျဲယ်မင်၏ မခိုးမခန့် ရယ်သံသာရှိသည်။ သူက ဂျဲနို၏ ကုတင်ဘေးတွင် ခါးကိုင်းလျက် ရပ်နေပြီး အိပ်ပျော်နေသော ကောင်လေး၏ မျက်နှာချောချောကို သူ့လက်ချောင်း တွေနဲ့ ဟိုဘက်ဒီဘက် ဆွဲလှည့်ကြည့်သည်။ သူဘယ်လို လုပ်လုပ် လီဂျဲနိုက နိုးမလာ သောအခါ သွားအစွယ်များ ပေါ်လာသည်ထိ သဘောတကျ ပြုံးလိုက်သည်။
"အတုံ့အလှည့် ဆိုတာရှိတယ် လီဂျဲနိုရဲ့.... မင်းဖေဖေ ငါ့အပေါ် မရိုင်းစိုင်းသင့်ဘူး"
အယ်လ်ဖာ တစ်ယောက်ကို သဘာဝအတိုင်း အိပ်မောကျ သွားအောင် ပြုလုပ်နိုင်သော ဆေးမျိုးက နာဂျဲယ်မင် တတ်နိုင်သည့်အရာ မဟုတ်ပေ။ နာဂျဲယ်မင်လို ကိုယ်ပိုင် ဘဏ်ကတ်မရှိ၊ ဆက်သွယ်ရေး အကောင့်မရှိ၊ အချိန်ပြည့် စောင့်ကြည့်ခံ ရသူတစ်ယောက်က တရားမဝင် ဆေးဝယ်ခွင့်မရှိပေ။ သို့သော် လိုချင်တာကို အဆင်ပြေပြေ ရအောင်ရှာ နိုင်တာက နာဂျဲယ်မင်၏ စွမ်းဆောင်ရည် ဖြစ်သည်။ အပြစ်တင်မည် ဆိုလျှင် နီယွန် ကောလိပ်၏ မည်သည့် ပစ္စည်းမဆို တရားမဝင် လွတ်လပ် လွယ်ကူစွာ ရောင်းဝယ်ခွင့် ပေးသော ဝန်ဆောင်မှုကို အပြစ်တင် ရလိမ့်မည်။
တနလ်ာမှ သောကြာနေ့ အထိ လီဂျဲနိုနှင့် အတူ ရှိခဲ့သော ငါးရက်တွင် သူ၏ အလိုလို သိစိတ်က သူ့ကိုမနားတမ်း သတိပေးလာသည်။ လီဂျဲနို၏ အမြဲတမ်း စနစ်တကျ ရှိလွန်းသော ပစ္စည်း သိမ်းဆည်းပုံ ဖြစ်စေ၊ ပတ်ဝန်းကျင်ကို အာရုံ ခံစားလွယ်သော အကျင့်ဖြစ်စေ၊ တိတ်ဆိတ် ငြင်သာသော ပြုမူလှုပ်ရှား ပုံများဖြစ်စေ အရာအားလုံးက ပုံမှန်မဟုတ် ဟုသော ခံစားချက်ကို ပေးသည်။ အဆိုးဆုံး အချက်က ဂျဲနိုဖျော်ပေးသော ကော်ဖီသည် သူလွန်ခဲ့တဲ့ ငါးနှစ်ခန့်မှ စ၍ သောက်လေ့ရှိသော ကော်ဖီအရသာနှင့် တစ်ထပ်ထဲ တူနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူဆုံးဖြတ် လိုက်သည်။ သူ့ အခန်းဖော်က တစ်ခုခု မှားနေပြီး သူကပဲ ဘာမှမသိ ဖုံးကွယ်ခံထားရသူ မဖြစ်လိုလျှင် အနည်းငယ် အန္တရာယ် အများခံ၍ စွန့်စားရမည်။
YOU ARE READING
Lure of the Night || Norenmin ||
FanfictionNorenmin Myanmar fanfiction -Renjun -Jeno -Jaemin Started: 2024 may 27