23

37 8 0
                                    

UNICODE




"ဖိနပ်ကြိုးတွေ ခါးပတ်တွေကို အမြဲတမ်းဂရုစိုက်... အစားသောက်တွေက ဒိတ်လွန်နေတာလည်း ရှိနိုင်တယ်၊ တမင်တကာ ဖျက်ဆီးခံရတာလည်း ဖြစ်နိုင်တယ်....

အဆောက်အဦးတွေ တံတားတွေအောက် ဝင်ခဲ့ရင် လျှပ်စစ် ပစ္စည်းတွေကို သတိထားရမယ်။ တချို့ ကိုယ်ပိုင်လျှပ်စစ် အထောက်ပံ့တွေက ဆယ်နှစ်မက ခံတယ်။ အခန်းတံခါးတွေ ​ရှေ့မှာ ဘယ်တော့မှ မရပ်နဲ့။ ညဘက်ဆို မီးရောင်ရှိတဲ့ လှုပ်ရှားရခက်တဲ့ နေရာတွေမှာ မနေနဲ့။ တစ်ခုခုဆို ခေါင်းကိုအဓိက... "

"လီဂျဲနို...."

"အမ်း...."

ဂျဲယ်မင်ရဲ့ လက်ညိုးက ဂျဲနိုရဲ့ နှုတ်ခမ်းပေါ် ရောက်လာသည်။

"မင်းက အရမ်း... စကားများတာပဲ"

ပြိုင်ပွဲတည်နေရာ၏ ဘေးပတ်လည်ကို အလုံပိတ် ကာရံထားပြီး ယှဥ်ပြိုင်သူများကို မြေအောက် ဓာတ်လှေကားဖြင့် ပို့ဆောင်ပေးမည်။ ထို ဓာတ်လှေကား လမ်းကြောင်းများရဲ့ ဦးတည်ချက်က ကြုံရာကျပန်း ဖြစ်ပြီး မြို့ရဲ့ နေရာအနှံ့သို့ တကွဲတပြား ပို့ဆောင်ပေးလိမ့်မည်။ ထို့ကြောင့် ဂျဲနိုက ဂျဲယ်မင်ကို ပြိုင်ပွဲနယ်မြေတွင် တစ်ယောက်ထဲ လွှတ်ထားရန် စိတ်ပူနေရခြင်း ဖြစ်သည်။

လွန်ခဲ့တဲ့ နှစ်နာရီကတည်းက နားပူနားဆာ တိုက်နေခဲ့သည်။

"စိတ်မပူနဲ့ ငါအရမ်း တက်ကြွနေတယ် တိုကျိုမြို့ တစ်ပတ်လုံးကို ပတ်ပြေးနိုင်တဲ့အထိ တက်ကြွနေတယ်"

ဂျဲယ်မင်ရဲ့ ဆိုလိုရင်းကို ဂျဲနို သေချာပေါက် နားလည်သည်။ မနက် အိပ်ယာထထချင်း သူတို့ကောင်လေးရဲ့ အိပ်ပျော်နေတဲ့ မျက်နှာကို မြင်ရခြင်းက စိတ်ပိုင်းဆိုင်ရာကို အားတက်စေသည်။

လီဂျဲနိုရဲ့ ကိုယ်ပိုင် အတွေ့ကြုံအရ ဂျဲယ်မင်နဲ့ ရန်ကျွင်မှာ အိပ်ယာပေါ်တွင် ကွဲပြားသော တုံ့ပြန်မှုများရှိကြောင်း တွေ့လိုက်ရသည်။ ဥပမာ ဂျဲယ်မင်က ခံစားချက်များ အဆုံးစွန်ထိ တွန်းပို့ခံရသောအခါ အစပိုင်းတွင် အော်ဟစ် ကျိန်ဆဲလိမ့်မည်။ နောက်တွင် တဖြည်းဖြည်း တောင်းပန်လာလိမ့်မည်။ ထို့နောက်မှ ကျေနပ်စွာ နှုတ်ခမ်းသပ်ပြလိမ့်မည်။

Lure of the Night || Norenmin ||Where stories live. Discover now