UNICODE
မျက်နှာချင်းဆိုင်လမ်းရှိ မီနီမတ်မှ ဝယ်လာသော လီမွန်အရသာ ငုံဆေးပြား၊ ရေခဲစိမ်ရေသန့်နဲ့ စီးကရက်ဗူးတို့ကို ဂျဲယ်မင်ထံ ကမ်းပေးလိုက်သည်။ ဂျဲယ်မင်မှာ စစ်ဆေးရေးဌာနရဲ့ အဆောက်အဦးရှေ့တွင် လီဂျဲနိုပြန်အလာကို ထိုင်စောင့်နေရင်း မိုးရေစက်များကို လက်ဖြင့် ဖမ်းယူနေခဲ့သည်။ လက်ရှိဂျဲယ်မင်က ပထမအကြိမ်လိုမျိုး ထိုးအန်ရတဲ့အထိ အခြေအနေ မဆိုးသော်လည်း အနည်းငယ်တော့ မအီမသာ ခံစားနေရဆဲ ဖြစ်သည်။ ဟွမ်ရန်ကျွင်ရဲ့ ကားမောင်း ကျွမ်းကျင်မှုမှာ ဟာသမဟုတ်ပေ။
ထို့နောက် ဂျဲနိုက သူ့ရဲ့နဖူးကို ရေသန့်ဗူးအေးအေးဖြင့် ထိကပ်လာသည်။
"သက်သာရဲ့လား"
ဂျဲယ်မင်က ငုံဆေးပြားကို သူ့လျှာအောက် ထည့်ထားလိုက်ပြီး ခေါင်းညိမ့်ပြလေသည်။
"မင်းကို လိုက်ပို့ဖို့အတွက် တစ်ယောက်ယောက် ထည့်ပေးလိုက်ရမလား"
လီဂျဲနိုမှာ ယခုညတွင် တစ်ညလုံး အလုပ်ရှုပ်နေလိမ့်မည် ဖြစ်ပြီး ဂျဲယ်မင်ကို ပြန်မပို့ပေးနိုင်ပေ။ သို့သော် ဆိုးလ်ဌာနခွဲနဲ့ ပတ်သက်နေသော ဘယ်နေရာကိုမဆို မုန်းတီးသော ဂျဲယ်မင်က သူတစ်ယောက်ထဲ အဆောင်ကိုပြန်မည်ဟု အခိုင်အမာ ဆိုလာသည်။ ထိုကိစ္စနဲ့ပတ်သက်၍ ဂျဲနိုမှာ တတ်နိုင်သောအရာ မရှိပေ။
"ငါ့ကို စိတ်ထဲထားစရာ မလိုပါဘူး"
ဂျဲယ်မင်က သူ့ရဲ့ငုံဆေးပြားကို နှစ်ချက်ခန့်ဝါး၍ မျိုချလိုက်သည်။
"ဂျဲနို... မင်းကိုယ်မင်း အရမ်း တွန်းအားပေးစရာ မလိုပါဘူး။
ပြီးတော့ ရန်ကျွင်ကိုလည်း အရမ်းကြီးဖိအားပေးမိလို့ မဖြစ်ဘူးနော်။ သူက အပြင်ဘက်မှာ ထုတ်မပြပေမဲ့ လွယ်လွယ်ကူကူ ကြောက်တတ်တယ်"
ဂျဲနိုနဲ့ရန်ကျွင်ကို နှစ်ယောက်ထဲ ထိပ်တိုက်တွေ့စေခြင်းက ကောင်းသောအကြံ ဟုတ်မဟုတ် မသေချာပေ။ လီဂျဲနိုက စိတ်ရှည်သော်လည်း ဟွမ်ရန်ကျွင်မှာ လူတွေရဲ့ဒေါသကို နိုးစွသောနေရာတွင် အထူး ကျွမ်းကျင်သည်။

YOU ARE READING
Lure of the Night || Norenmin ||
FanfictionNorenmin Myanmar fanfiction -Renjun -Jeno -Jaemin Started: 2024 may 27