UNICODE
သူ့မျက်နှာကို တစ်စုံတစ်ခုက လာထိနေသလို ယားကျိကျိ ခံစားချက်ဖြင့် ဂျဲယ်မင် နိုးလာရသည်။ သူက ရုတ်တရက် ခုန်ထရန် ကြိုးစားလိုက် သော်လည်း ရင်ဘတ်ကို ဖိထားသော သန်မာသည့် ဖိအားကြောင့် အိပ်ယာပေါ် ပြန်လဲကျသွားသည်။ ဂျဲနို၏ ဆံပင်များက ရေစိုစက်လက် ဖြစ်နေပြီး ရေတစ်စက်က သူ့ပါးပေါ် ကျလာသည်။
"လီဂျဲနို ဘာ သောက်ကျိုးနည်းတွေ လုပ်နေတာလဲ"
"မနက်စာ ပြင်ပြီးသွားပြီ.... မင်းကို လာနှိုးတာ" ဂျဲနိုက ဂရုမစိုက်စွာ ပြန်ဖြေသည်။
"ပြီးတော့ ပထမဆုံးရက်မှာ ကျောင်းယူနီဖောင်း ဝတ်ရမယ်.... တကယ်လို့ မင်းက နောက်ငါးမိနစ်အတွင်း အိပ်ယာက မထသေးရင် ငါကိုယ်တိုင် လှဲပေးမယ်"
ထို့နောက် ဒေါသထွက်နေသော နာဂျဲယ်မင်ကို ချန်ခဲ့ပြီး လီဂျဲနိုက ဆံပင်ကို တဘက်ဖြင့်သုတ်ကာ အိပ်ခန်းအပြင်သို့ ထွက်သွားသည်။
ကောင်းပြီလေ... ဦးလေးလီ ခင်ဗျား ကျွန်တော့်ကို အပြစ်မတင်နဲ့ လီဂျဲနိုကိုက သေချင်နေတာ။
ပထမနှစ် အတွက် ကျောင်းဝတ်စုံ အသစ်က အနက်ရောင် အောက်ခံတွင် ပခုံး၊ လက်နှင့် ခါးတို့တွင် အစိမ်းနုရောင် လိုင်းများ ထည့်ထားသော ဒီဇိုင်း မျိုးဖြစ်သည်။ နေ့တိုင်း ဝတ်ရန် မလိုအပ်သော်လည်း ပထမဆုံးရက် တွင်တော့ သေချာပေါက် ဝတ်ရမည်။ လီဂျဲနိုက မှန်ရှေ့တွင် လည်စည်းကို သေသပ်စွာ စည်းနေစဉ်တွင် ဂျဲယ်မင်က ရှပ်အကျ်ီကြယ်သီး တပ်၍ပင် မပြီးသေးချေ။ သူ၏ ဇွန်ဘီတစ်ကောင်လို နှေးကွေးနေပုံကို မှန်မှတစ်ဆင့် မြင်နေရသည်။
"ငါမင်းကို မကူရင် အတန်း နောက်ကျတော့မယ်"
"မမှီရင် မတက်တော့ဘူး"
ရှုပ်လိုက်တာ။ လီဂျဲနိုက။
ဆံပင်ပန်းရောင်နဲ့ ကောင်လေးက အိပ်ယာပေါ် ပြန်လှဲချပြီး သူ၏ မျက်လုံးများကို ပိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က လွန်ခဲ့သော တစ်နှစ်ခန့်မှစ သူကိုယ်တိုင်ပင် မသိဘဲ ပြောင်းလဲလာသည်။ တစ်ရက်ကို နာရီနှစ်ဆယ်နီးနီး အိပ်စက်ရင်တောင် မျက်တွင်း ချောင်ကျလျှက် အိပ်ချင်နေဆဲ ဖြစ်သည်။

YOU ARE READING
Lure of the Night || Norenmin ||
Hayran KurguNorenmin Myanmar fanfiction -Renjun -Jeno -Jaemin Started: 2024 may 27