UNICODE
"ရန်ကျွင်း...နီး"
ဂျဲနိုက ရန်ကျွင်ရဲ့ လည်ပင်းကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ရင်း သံရှည်ဆွဲ ခေါ်လာသည်။
သူတို့က အားကစားခန်း အပေါ်ထပ်တွင် ရှိနေပြီး အောက်ထပ်တွင် တိုက်ခိုက်ရေးဝတ်စုံ အဖြူရောင် ဝတ်ဆင်၍ မြှားပစ်လေ့ကျင့် နေသော လူငယ်လေးကို ကြည့်နေကြသည်။
မျက်နှာပေါ်က ပန်းရောင် ဆံပင်တွေကို ကလစ်တစ်ခုနဲ့ အထက်သို့ လှန်တင်ထားပြီး သူ့နဖူးတွင် စို့နေသော ချွေးစက် အနည်းငယ်က တလက်လက် ထနေသည်။ လေးကြိုးကို ဆွဲလိုက်သောအခါ ဖြောင့်တန်းသော ကျောပြင်၊ ကျစ်လစ် သွယ်လျသော ကိုယ်ခန္ဓာ အချိုးအစားက ပေါ်ထွက်လာပြီး မျက်စိအကြည့် မလွှဲနိုင်အောင် ဖမ်းစားနေသည်။ သူတို့နှစ်ယောက်က နာဂျဲယ်မင်ကို အသံတိတ် ငမ်းနေကြသည်။
"အဲ့ဒီနေ့က ဂျဲယ်မင်ကို ဘာလုပ်လိုက်တာလဲ"
ဂျဲနို ဆိုလိုတဲ့ အကြောင်းရာကို သူသိသည်။ အဖြေတစ်ခု ပြန်မပေးမချင်း ဂျဲနိုရဲ့လက်က သူ့လည်ပင်းပေါ်မှာ ရှိနေလိမ့်မည် ဆိုတာကိုလည်း သိသည်။
"သူ့ကို နမ်းလိုက်တာ... ငါသူ့ကို ကြိုက်တယ်"
အရိုးသားဆုံးနဲ့ အရှင်းလင်းဆုံး ဖြစ်သည်။
"ရန်ကျွင်းနီး...က ငါ့ကိုကြိုက်တယ်လို့ ထင်နေတာ" ဂျဲနိုရဲ့ အသံက စိတ်ထိခိုက်နေဟန် ရသည်။
"ငါက ဂျဲယ်မင်ကိုကြိုက်တယ် မင်းကိုလည်း ကြိုက်တယ်လေ"
"လောဘကြီးတာပဲ....."
"သတ္တိရှိတာပါ..."
ထို့နောက် ဂျဲနိုက ရန်ကျွင်ရဲ့ မျက်နှာကို ဆွဲလှည့်ကာ ရုတ်တရက် ငုံ့နမ်းရန် ကြိုးစား လိုက်သည်။ သို့သော် လမ်းတစ်ဝက်တွင် ရန်ကျွင်က လက်တစ်ဖက်ဖြင့် ဂျဲနိုရဲ့နှုတ်ခမ်းကို ကာလိုက်သည်။
"မလုပ်နဲ့..."
"ဘာလို့လဲ ဂျဲယ်မင်ကရပြီး ငါကတော့ မရဘူးလား"
"ငါတို့က နောက်မှ ဆက်လုပ်လို့ရတယ်... လောလောဆယ် မျက်စိရှေ့မှာ ရှိတာကို အရင်ကြည့်ရအောင်"
![](https://img.wattpad.com/cover/369602993-288-k127203.jpg)
YOU ARE READING
Lure of the Night || Norenmin ||
Fiksi PenggemarNorenmin Myanmar fanfiction -Renjun -Jeno -Jaemin Started: 2024 may 27