40

49 5 0
                                    

UNICODE







"ဘာ... ဘာလုပ်မလို့လဲ"

အလွန်အင်မတန်မှ EQကောင်းလှပါတယ် ဆိုသော နာဂျဲယ်မင်က မအူမလည်ဖြင့် မေးလာသည်။ သူ့လက်ကောက်ဝတ် တစ်ဖက်စီကို ဂျဲနိုရဲ့လက်များက ဆုပ်ကိုင်ထားပြီး ခြေထောက်နှစ်ချောင်း ကြားထဲတွင် ဂျဲနိုရဲ့ဒူးတစ်ဖက်က ဝင်ရောက်လာသည်။ သူ့စကားဆုံးသည်နဲ့ ထိုဒူးက အထက်သို့တက်လာပြီး သူ့ရဲ့ဘောင်းဘီပေါ်မှ တစ်ဆင့် အထိငြိမခံသော နေရာသို့ ဖြည်းဖြည်းနဲ့မှန်မှန် ပွတ်တိုက်လာတာကို ခံစားလိုက်ရသည်။

ဂျဲယ်မင်ရဲ့ အတွေးများက အလျှင်အမြန် ပြေးလွှားသွားသည်။ ငါတို့က 'အဲ့ဒါ' လုပ်ကြတော့မလို့လား။

သူတို့က တစ်အိပ်ရာထဲအတူတူ အိပ်လာကြတာ လအတော်ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ကသိကအောက်ဖြစ်ဖွယ် တင်းမာမှုဖြင့် အိပ်ယာနိုးလာရသည်မှာ မထူးဆန်းတော့ပေ။ ခါတိုင်းနေ့များတွင် ထိုသို့ဖြစ်လာတိုင်း တစ်ယောက်ကိုတစ်ယောက် မျက်နှာမပူစေဘဲ ရေချိုးခန်းထဲသွား၍ လက်နဲ့ဖြေရှင်း လိုက်ကြသည်။ သို့သော် ယခုအချိန်တွင်။

လီဂျဲနိုရဲ့ မျက်ဝန်းနက်နက်များထဲတွင် ​မှောင်မိုက်သော လိုအင်ဆန္ဒများ ဖုံးလွှမ်းနေကို သူမြင်ရသည်။ သူ့ရဲ့ရှပ်အင်္ကျီက ဘယ်အချိန်ကတည်းက ဆွဲချွတ်ခံလိုက်ရမှန်း မသိတော့ပေ။ တစ်ဖက်လူရဲ့ စိုစွတ်နူးညံ့သော လျှာဖျားက သူ့ရဲ့ဝမ်းဗိုက် ကြွက်သားများပေါ် ဖြတ်ပြေးသွားသောအခါ သူ့ကျောရိုးများပင် ပျော့ခွေသွားသည်ဟု ခံစားလိုက်ရသည်။

"မင်း ငါမေးနေတာကို မဖြေရသေးဘူး"

နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော ထိုအသံက ဂျဲယ်မင်ရဲ့ အတွေးစများကို ဖြတ်တောက်လိုက်သည်။ သို့သော် မေးခွန်းကိုပင် သေချာမကြားလိုက်သော နာဂျဲယ်မင်အတွက် ပြန်ဖြေရန် အဖြေရှိမနေပေ။ ကံကောင်းစွာနဲ့ သို့မဟုတ် ကံဆိုးစွာနဲ့ လီဂျဲနိုက စိတ်ရှည်ရှည်ထား၍ နောက်တစ်ခေါက် ပြန်ပြောပေးခဲ့သည်။

"ထပ်ပြောမယ်"

သည်တစ်ကြိမ်တွင် သူ့ရဲ့နားနှစ်ဖက်လုံးကို သေချာဖွင့်၍ ဂျဲယ်မင် နားထောင်နေသည်။ ဒါပေမဲ့ လီဂျဲနိုက စကားနဲ့အစား လက်နဲ့ပြောနေသကဲ့သို့ သူ့ရဲ့ခါးပတ်ပေါ် လက်သရမ်းလျက် ဂျဲယ်မင်ရဲ့ခါးကို မနေနိုင်စွာ ကြွတက်လာအောင် နိုးဆွနေခဲ့သည်။

Lure of the Night || Norenmin ||Where stories live. Discover now