39

39 2 0
                                    

UNICODE













ဂျဲယ်မင်က သူ့မျက်လုံးများကို ဖွင့်လိုက်သည်နဲ့ မရင်းနှီးသော အခန်းမျက်နှာကျက် တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထို့နောက်သူက နာကာမိုတိုယုတရဲ့ နေရာတွင် ရောက်နေကြောင်း သတိရလိုက်သည်။ ဧည့်သည်အခန်းက တိတ်ဆိတ်နေပြီး စားပွဲပေါ်တွင် သူ့အတွက် လှဲလယ်စရာ အဝတ်တစ်စုံ တင်ထားသည်။ သူ အောက်ထပ်သို့ ဆင်းလာသောအခါ နာဆယ်ယောင်းက မီးဖိုခန်းထဲတွင် အလုပ်များနေပြီး ဒေါက်တာစစ်ချန်းက စာအုပ်တစ်အုပ်ကို ဖတ်နေခဲ့သည်။ ဌာနမှူးယုတမှာတော့ ဘာအကြောင်းကြောင့်မသိ ငြိမ်ငြိမ်မနေနိုင်ဘဲ မီးဖိုခန်းနဲ့ ထမင်းစားပွဲကို ကူးသန်းနေခဲ့သည်။

"အိုး... နာဂျဲယ်မင် နိုးပြီလား မနက်စာ လာစားလှည့်လေ"

သူလှေကားမှ ဆင်းလာသည်ကို ယုတကအရင်ဆုံး သတိထားမိခဲ့သည်။ ထိုဌာနမှူးက နေ့နဲ့ည အကျင့်စရိုက်ကွဲပြားမှု ရှိနေသကဲ့သို့ မနက်ခင်းတွင် အထူးဖော်ရွေနေခဲ့သည်။

"အစ်မကြီး ချင်းယန်ရော"

ဂျဲယ်မင်က ယုတရဲ့ဖိတ်ခေါ်မှုကို လစ်လျူရှုကာ စစ်ချန်းကို ဦးတည်၍ မေးလိုက်သည်။ သူမနေ့ညက လူနာခန်းရဲ့အပြင်မှာ ချင်းယန်ကိုလည်း မြင်ခဲ့တာ သေချာသည်။ ထိုအမျိုးသမီးက အခြားသူများထက် ပို၍ ရန်ကျွင်နဲ့ ရင်းနှီးမှုရှိသည်။

"ချင်းယန်က ညကတည်းက အဲ့ဒီမှာ ထိုင်စောင့်နေတာ။ အိုင်းယား... အဲ့ဒီအမျိုးသမီးက ခေါင်းမာချက်ပဲ။ သူစောင့်နေတော့ရော ရန်ကျွင်က ပြန်ကောင်းလာမှာမှ မဟုတ်တာ။ လူတိုင်းက ဝမ်းနည်းနေရင်တောင် ကိုယ့်ကိုယ်ကိုတော့ အစာပုံမှန် ကျွေးမွေးသင့်တယ်"

စစ်ချန်းကို မေးခြင်းဖြစ်ပေမဲ့ ယုတကပဲ စကားကြော ရှည်လျားစွာ ပြန်ဖြေလာသည်။ ယုတမှာ သူ့စကားနဲ့အညီ လက်ထဲတွင် ငါးရှဥ့်ထမင်းကြော် တစ်ပန်းကန် ကိုင်ထားသေးသည်။

ဂျဲယ်မင် ကိုယ်တိုင်အတွက်မှာ စားသောက်ချင်စိတ် ရှိမနေပေ။ နာဆယ်ယောင်းကို နှုတ်ဆက်ပြီးနောက် လူနာခန်းသို့ ဦးတည်လာခဲ့သည်။ မနေ့ညက ဒေါက်တာစစ်ချန်းနဲ့ ပြောဆိုခဲ့သော စကားဝိုင်းအရ သူက ရန်ကျွင်ရဲ့ လက်ရှိအခြေနေကို နားလည်လာသည်။ ရန်ကျွင်ရဲ့ ကိုမာဝင်မှုက အပြင်ပန်း ထိခိုက်ဒဏ်ရာ သက်သက်ကြောင့် မဟုတ်ခဲ့ပေ။

Lure of the Night || Norenmin ||Where stories live. Discover now