29

38 10 1
                                    

UNICODE



ဂျဲယ်မင် မျက်လုံးများ ဖွင့်လိုက်သည်နဲ့ အမြင်အာရုံတစ်ခုလုံး ​မှောင်မဲနေခဲ့သည်။ သူ့လက်များသည် ကြိုးနဲ့ တင်းကြပ်စွာ ချည်နှောင်ထားခံရပြီး တစ်ယောက်ယောက်က သူ့ကို အက်ျီကော်လံမှ တရွတ်ဆွဲ၍ ခေါ်သွားသည်ကို ခံစားရသည်။ ခေါင်းကို လက်မောင်းဖြင့် ပွတ်တိုက်၍ မျက်နှာပေါ်မှ အဝတ်မည်းကို ဖယ်ထုတ်ရန် ကြိုးစားသော်လည်း မရခဲ့။ ထို့နောက် တံခါးသော့ဖွင့်သံ ကြားရပြီး ထိုလူက သူ့ကို ထိုင်ခုံတစ်လုံးပေါ် ပစ်ချလိုက်သည်။

လွန်ခဲ့တဲ့ နာရီပိုင်းကထိ သူ့ရဲ့အဆောင်ခန်းထဲတွင် ရှိနေခဲ့သည်ကို မှတ်မိသည်။ ထို့နောက် လီဂျဲနို အပြင်ထွက်သွားတာကို မှတ်မိသည်။ ထို့နောက် လော့ခ်ချခံထားရသော အခန်းတံခါးကို ရိုက်ဖျက်ဖို့ ကြိုးစားခဲ့တာကို မှတ်မိသည်။ သို့သော်....

"အာ လား လား.... ဒီလောက် ချစ်စရာကောင်းတာလေးကို ညင်ညင်သာသာ ကိုင်တွယ်စမ်းပါ"

သူ့ရဲ့ပခုံးကို စားပွဲပေါ်ဖိချုပ်ထားသော ထိုလူကို ကိုယ်ဖြင့်တွန်းတိုက်ရန် ပြင်နေဆဲဖြစ်သည်။ သို့သော် အခန်းတစ်ဖက်မှ ထိုအသံကို ကြားရသောအခါ ဂျဲယ်မင်ရဲ့ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ 

"........"

ထို့နောက် သူ့ရဲ့အမြင်အာရုံသည် လင်းချင်းလာခဲ့သည်။

မမြင်တွေ့ရတာ နှစ်ပတ်ခန့်သာရှိသော ဟွမ်ရန်ကျွင်က နှစ်ပတ်အတွင်းတွင် စိမ်းသက်စွာ ပြောင်းလဲနေခဲ့သည်။ သူ့ရဲ့ လှောင်ပြောင်နေသလို စကားပြောဟန်မှလွဲ၍ ရုပ်ပိုင်းဆိုင်ရာ အသွင်ပြင်မှာ ပြောင်းလဲနေခဲ့သည်။ ရွှေအိုရောင် ဆံပင်များက မျက်လုံးကိုဖုံးနေပြီး မျက်တွင်းများ ညို့မှောင်နေခဲ့သည်။ ရန်ကျွင်က နဂိုထက် ပို၍ပိန်ပါးလာပြီး ပုံမှန်ဆို နီရဲနေခဲ့သော နှုတ်ခမ်းများမှာ အလွန်အမင်းကို ဖြူဖျော့နေခဲ့သည်။

နေ့စဥ်ရက်ဆက် ပင်ပန်းနွယ်နယ် နေသကဲ့သို့ သူ့အမူအယာက အလွန်အမင်းကို ညိုးငယ်နေသည်။

"......."

သူက တစ်ခုခုပြောချင်သော်လည်း ပါးစပ်တွင် တိတ်ဖြင့် ကပ်ခံထားရသည်။

Lure of the Night || Norenmin ||Where stories live. Discover now