UNICODE
"ဂျဲယ်မင်က ရန်ကျွင်နဲ့ ရင်းနှီးတာလား"
ခွန်းက သူတို့အတွက် အနုပညာ ကလပ်ရဲ့ စတူဒီယိုခန်း တစ်ခန်းကို ငှားရမ်းပေးပြီး လိုအပ်သော အပြင်အဆင်များ ထည့်ပေးထားသည်။ အားကစားခန်းမှ ဂျဲယ်မင် ပြန်ရောက်လာ သောအခါ တစ်ရက်စာ အစမ်း လေ့ကျင့်ချိန်က ကုန်သွားပြီး ဖြစ်သည်။ ယန်ယန်နဲ့ ဟယ်ချန်းက စက်ပစ္စည်းများ ဖြုတ်နေချိန် နာဆယ်ယောင်းက သူတို့ရဲ့ အပို ပစ္စည်းများကို သိမ်းဆည်းနေရင်း မေးသည်။
"ရင်းနှီးတယ်..... လို့တော့ ပြောလို့မရဘူး ကျွန်တော် သူ့အကြောင်း သိပ်မသိဘူး"
ဂျဲယ်မင်မှာ သေချာ ပြန်ဖြေရန်ပင် မောဟိုက်နေဆဲ ဖြစ်သည်။
"ဂျဲယ်မင်က ယန်ယန်လိုမျိုး သရုပ်ဆောင်ဖို့ ဝါသနာ ပါမနေတာ သိသာနေတာလေ။ ဒါတောင် ရန်ကျွင်အတွက် အစားထိုး ဝင်ပေးတယ် ဆိုတော့ မင်းတို့က အရမ်း ရင်းနှီးတယ်လို့ အစ်မက ထင်တာ"
နာဆယ်ယောင်းက စကားနည်းပေမဲ့ လူကဲခတ် ကျွမ်းကျင်သည်။
"အစ်မလည်း အရမ်းကြီး သဘောကျတဲ့ပုံ မပေါ်ပါဘူး... ဘာလို့ ဆက်ပြီးတော့ သရုပ်ဆောင် ပေးနေတာလဲ"
နာဆယ်ယောင်းက ပြန်မဖြေ။ သူမ မျက်လုံးများက အောက် ကြမ်းပြင်ကိုသာ ငုံ့ကြည့်နေသည်။ သူမက အမြဲတမ်း သူမလုပ်ရမဲ့ တာဝန်လို့ သတ်မှတ်ထားတဲ့ အရာတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ အကောင်းဆုံး ဖြစ်အောင် ကိုင်တွယ်လေ့ ရှိသည်။ သူမရဲ့ ဘဝ တစ်လျှောက်လုံးမှာ ကိုယ်ပိုင်အမြင် သို့မဟုတ် ခံစားချက်ဟု မရှိဘဲ တာဝန်နဲ့ အလုပ်သာ ရှိသည်။
ထိုသို့ အလေ့အကျင့် သို့မဟုတ် ခံယူချက်မျိုးက ပြောင်းလဲရန် ခက်ခဲသည်။"ဟိုမှာ မင်းကောင်လေး လာပြီ"
သူမက အပြင်ဘက် ကော်ရစ်တာကို မေးဆတ်ပြရင်း ဂျဲယ်မင်ကို စနောက်လိုသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ ထိုနေရာတွင် ရပ်နေသူက တခြားမဟုတ် လီဂျဲနို ဖြစ်သည်။
"သူက ကျွန်တော့် ကောင်လေး မဟုတ်ဘူး"
ဂျဲယ်မင် မျက်နှာက အနည်းငယ် ရဲတက်လာပြီး ဂျဲနိုရှိရာသို့ ပြေးမလာခင် တီးတိုးရွတ် လိုက်သည်။
YOU ARE READING
Lure of the Night || Norenmin ||
FanfictionNorenmin Myanmar fanfiction -Renjun -Jeno -Jaemin Started: 2024 may 27