25

25 9 0
                                    

UNICODE



အနားမှ ချိုးချိုးချွတ်ချွတ် အသံများနဲ့အတူ ဂျဲယ်မင် မျက်လုံးပွင့်လာခဲ့သည်။ ကံကောင်းသော ကြွက်ဖြူလေးက စောစောနိုးလာပြီး ပစ္စည်းများကို လွယ်အိတ်ထဲ သိပ်ထည့်နေသည်။ ဂျဲယ်မင် လှည့်ပတ်ကြည့်သောအခါ သူ့ဘေးတွင်လည်း ပြင်ပြီးသား အိတ်တစ်လုံး ရှိနေသည်။

"ဂျီဆောင်းအာ... မင်းကငါ့ကို ထားသွားပြီမှတ်တာ"

မနေ့ညကဖြစ်ခဲ့သော ကိစ္စများအရ ကျောင်းသားလေး ဂျီဆောင်းက သူနဲ့ လမ်းခွဲ ထွက်သွားမည်ဟု ထင်ခဲ့မိသည်။

"ကျွန်တော် ထားသွားရင်တောင် ခင်ဗျားက ကပ်လိုက်ခဲ့မှာပဲလေ"

"ဒါပေမဲ့ မင်းက ငါ့အတွက်တောင် အိတ် ပြင်ထားပေးတယ်လေ"

ဂျဲယ်မင်က သူ့အိတ်ထဲမှ ပစ္စည်းများကို စစ်ဆေးလိုက်သည်။ ထူးဆန်းသော ဓားမြှောင်လည်း အပါအဝင်ဖြစ်သည်။ သူက ထိုအရာကို လီဂျဲနိုနဲ့တွေ့ရင် ပြရမည်။

"အန္တရာယ်ရှိလာလို့ ဆိုပြီးတော့ သူငယ်ချင်းကို ပစ်ပြေးတာမျိုး လော့လော့က မကြိုက်ဘူး"

ဂျီဆောင်းက 'လီနာ့နာ ခင်ဗျားက ဘယ်လိုလူမျိုးလဲ' ဟုသော တစ်ခွန်းကလွဲရင် အခြားအရာများကို မမေးခဲ့ပေ။ သူက ထုံးစံအတိုင်း စာရွက်ပေါ် တဂျစ်ဂျစ်ခြစ်လျက် သူ့မြေပုံကို အပြီးသတ်နေခဲ့သည်။ တကယ်လို့ ဂျဲယ်မင်ကို တိုက်ခိုက်မဲ့သူတွေ ထပ်ရောက်လာပါက ကြွက်ဖြူလေးရဲ့ ရတနာမြေပုံက အသုံးဝင်လာလိမ့်မည်။ ထို့အပြင် နေ့ဘက်တွင် ဒရုန်းမြင်ကွင်းက ပိုရှင်းလင်းသောကြောင့် တိုက်ရိုက် အန္တရာယ်ပြုရဲမည် မဟုတ်ပေ။

ဒုတိယအကြိမ် မြေပုံကျုံ့ခြင်းက မနက်ရှစ်နာရီတွင် စတင်လိမ့်မည်။

ထိုညတွင် နောက်ထပ်လေးယောက် ထုတ်ပယ်ခံရသည်။ ယခုအခါ သူတို့ ခေါင်းထက်မှ နံပါတ်မှာ ၈၈ ဖြစ်လာခဲ့သည်။ ထိုနံပါတ်များက စတုတ္ထနဲ့ ပဥ္စမအကြိမ် မြေပုံကျုံ့သောအခါ ၂၀အောက် လျော့နည်းသွားလိမ့်မည်။ ထို့နောက်တွင် နယ်နမိတ်စည်း အနီရောင် အလင်းလိုက်ကာကို ပထမဆုံး အကြိမ်အဖြစ် မြင်လိုက်ရသည်။ ထိုအရာက သူတို့ရှိရာ တဖြည်းဖြည်း ကပ်လာသောအခါ ဂျီဆောင်းနဲ့ ဂျဲယ်မင်မှာ တွေ့ကရာ ကုန်တင်ကားတစ်စီးနဲ့ ဆုတ်ခွာနေရသည်။

Lure of the Night || Norenmin ||Where stories live. Discover now