35

35 6 0
                                    

UNICODE











စိုစွတ်၍ အငန်ဓာတ်ပါသော ပင်လယ်လေများသည် ဂျဲနိုရဲ့ မျက်နှာပြင်ပေါ် ဖြတ်တိုက်သွားပြီး စပ်ဖျင်းဖျင်း ခံစားချက်ကို ချန်ရစ်ထားခဲ့သည်။ သဘာဝအတိုင်း မပြုမပြင် ရှိနေသော ကမ်းခြေဖြစ်သဖြင့် ညီညာသော သဲသောင်ပြင်မရှိ။ နေရာတိုင်းတွင် ချွန်ထက်သော ကျောက်ဆောင်များနဲ့ ထိုကျောက်ဆောင်များကို ကြမ်းတမ်းစွာ ရိုက်ခတ်နေသော ​လှိုင်းလုံးများသာ ရှိသည်။ ကျွန်းပေါ်မှ အင်းစက်ပိုးမွှားများမှာ ဤနေရာသည် အလည်အပတ်လာရန် သင့်တော်သော နေရာမဟုတ်ကြောင်း ပြသနေသကဲ့သို့ နေရာအနှံ့ မင်းမူနေကြသည်။

ဂျဲနိုက အမြင့်ဆုံးကျောက်ဆောင်ပေါ် တက်လိုက်ပြီးနောက် ကွန်ယက်မိမမိ စမ်းသပ်လိုက်သည်။ သူ့တွင် အခြားညွှန်ကြားချက် အသစ်ရှိမနေ။ ထို့ကြောင့် ဂျဲယ်မင်နဲ့ ဆက်သွယ်ရန် လေဒီယွန်းရဲ့ နံပါတ်ကို ခေါ်ဆိုလိုက်သည်။

"အမ်းး ... အာ ... ဂျဲနို "

ဆက်သွယ်မှုကို လက်ခံသူမှာ လေဒီယွန်းဟု သူက ထင်ထားခဲ့သည်။ သို့သော် ခေါ်ဆိုမှု ချိတ်ဆက်သွားသောအခါ အနည်းငယ် မအူမလည်ဖြစ်နေသော ဂျဲယ်မင်ကိုသာ တွေ့လိုက်ရသည်။

"အိုး ငါတို့က ဗီဒီယိုကော ပြောနေကြလား"

ဂျဲနို ခေါင်းယမ်းလိုက်မိသည်။ ထိုနာဂျဲယ်မင်မှာ သူ့ဘာသာ ကောက်ကိုင်လိုက်ပြီးမှ ဗီဒီယိုကောမှန်း သတိထားမိသွားပုံ ရသည်။

ဂျဲယ်မင်က သူ့ဦးနှောက်ပတ်လမ်း ပြတ်တောက်နေသကဲ့သို့ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ပြီးနောက် ဂျဲနိုကို ရူးကြောင်ကြောင် ပြုံးပြလာသည်။ ထိုကောင်လေးရဲ့ သေချာပုံသွင်း ထားပုံရသော ဆံပင်များက ထိုးထိုးထောင်ထောင် ဖြစ်နေပြီး အင်္ကျီလည်စည်းကိုလည်း ရွဲ့စောင်းစောင်း စည်းထားသေးသည်။ လီဂျဲနိုမှာ ဂျဲယ်မင်ဘက်မှာ ဘာတွေများဖြစ်နေသလဲ အလွန်အမင်းကို သိချင်လာသည်။

"နာဂျဲယ်မင် မင်းဘယ်ရောက်နေတာလဲ"

"ဟဲဟဲ..."

ရယ်သံတစ်ချက် ပြုပြီးနောက် ဂျဲယ်မင်က ကင်မရာကို လှည့်ပြလိုက်သည်။ ဂျဲယ်မင်ဘက်က မြင်ကွင်းကြောင့် ချက်ချင်းပင် ဂျဲနိုရဲ့မျက်ခုံးများ ပင့်မိသွားသည်။ အန်စာတုံးနဲ့ ပိုကာဝိုင်းများ၊ ယုန်နားရွက်နဲ့ အသားကပ်အကြပ် ဝတ်ဆင်ထားသော စားပွဲထိုးများ၊ ချပ်စ်ပြားများဖြင့် လောင်းကြေးထပ်နေသော ကစားသမားများ။ ထို့အပြင် နာဂျဲယ်မင်ရဲ့ လက်ထဲက ပယင်းဖြူရောင် ရှန်ပိန်ခွက်။

Lure of the Night || Norenmin ||Where stories live. Discover now