16

55 7 0
                                    

UNICODE



"အမြဲတမ်း ပြောချင်နေခဲ့တာ ...

အဲ့ဒီညက တောင်းပန်ပါတယ် ဂျဲယ်မင်အတွက် မင်းလုပ်ပေးခဲ့တာတွေ သိရဲ့သားနဲ့ ထပ်ပြီးတော့ သေချာအောင် စစ်ဆေးချင်ခဲ့တယ်။ မင်းကို စိတ်ထိခိုက်အောင် လုပ်ခဲ့မိတယ် "

လက်ရှိတွင် လီဂျဲနိုက ကုတင်ပေါ်တွင် ကျောမှီလျက် ထိုင်နေပြီး ဟွမ်ရန်ကျွင်က ပန်းသီး တစ်ပန်းကန်ကို အခွံနွှာပေးနေသည်။

ရန်ကျွင် ပြင်ဆင်ပေးခဲ့သော ဟော်ရိဝတ်စုံမှာ အမြန်နှုန်း အာရုံခံစနစ်ရှိပြီး ကျည်ဆံကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးကို ခေါင်းအစ ခြေအဆုံး ကာကွယ်ပေးနိုင်သည်။ သူက နာဂျဲမင်ရဲ့ လုံခြုံရေးကို အရာအားလုံးထက် ပို၍ ဂရုစိုက်ခဲ့သည်။

"မလိုဘူး ဒါက မင်းမှာတာဝန်ရှိလို့ လုပ်ရတာလေ...
အဲ့တာထက် ငါ့ကိုလန့်အောင် လုပ်နေတာက မင်းရဲ့ အသက်ရွယ်နဲ့ စုံစမ်းစစ်ဆေးရေး အဆင့်လေး အရာရှိ ဖြစ်နေတာပဲ"

လက်ရှိတွင် ရန်ကျွင်က 'နာကျင်ရပေမဲ့ အဆင်ပြေပါတယ်' ဟူသော သရုပ်ဆောင် ဇာတ်ညွှန်း အသစ်တစ်ခု ဆွဲထုတ်နေဟန် ရသည်။ နာဂျဲယ်မင်သာ ကြားရင် စိတ်လေစွာ မျက်လုံးလည် ပြမိမည်။

"ပြီးတော့ ငါ့အဖေကို တိုကျိုမှာ ပိတ်မိအောင် လုပ်ပေးမယ်လို့ရောပဲ"

ထို့နောက် ရန်ကျွင်က ပန်းသီးစိတ်များကို ဂျဲနိုရှေ့ယူလာပြီး ခွံ့ကျွေးလေသည်။ သူက ပုံမှန်အတိုင်း အကောင်းပတိ ရှိနေတဲ့ လီဂျဲနိုကိုဆိုရင် လေးဆယ့်ကိုး မီတာ အကွာမှ သတိထား ဆက်ဆံလိမ့်မည်။ သို့သော် အားနည်း၍ အိပ်ယာထဲ လဲနေသော လီဂျဲနိုကိုတော့ အားတက်သရော ပြုစု စောင့်ရှောက်ရန် ပြသနာမရှိပေ။

ဟုတ်တယ်... လီဂျဲနိုက အိပ်ယာထဲ လဲနေတယ်။

အယ်လ်ဖာအချင်းချင်း ပေါင်းစပ်မှု အပြီးတွင် လီဂျဲနိုမှာ အေးစက် ဖြူဖျော့သွားပြီး နာကျင်မှုကြောင့် သတိလစ်သွားခဲ့သည်။ ထို့ကြောင့် ပျာယာခတ် သွားသော နာဂျဲယ်မင်က ဂျဲနိုရဲ့ လတ်ပတ်ကိုယူပြီး ဦးလေးလီကို ဆက်သွယ် လိုက်သည်။ ဌာနမှူးလီမှာ သူ့ရဲ့သားကို ဟယ်လန်ယွန်းရဲ့ သားက ခုန်အုပ်သွားတယ် ဆိုတဲ့ အမှန်တရားကို လက်ခံရန် ခက်ခဲနေခဲ့သည်။

Lure of the Night || Norenmin ||Where stories live. Discover now