10

40 7 0
                                    

Warning: bloody scence, murder case.

UNICODE

"ပျင်းလို့ သေတော့မှာပဲ"

ကောလိပ်ရဲ့ ဆယ့်တစ်နှစ်ပြည့် အခမ်းအနားနဲ့ လူသစ်ကြိုဆိုပွဲကို တစ်ရက်ထဲ ပေါင်း၍ ကျင်းပလျှင် ငွေကုန်ကြေးကျ သက်သာမည်ဟု ဘယ်သူကများ အကြံပေးလိုက် ပါသလဲ။ ပညာရေး ရင်းနှီးမြုပ်နှံမှုက အမြတ်အစွန်း မရဘူးဆိုပေမဲ့ ဘုတ်အဖွဲ့မှာ ထင်ထားတာထက် ပို၍ အရှုံးပေါ် နေဟန်ရသည်။ သူတို့ကျောင်းက ဒီနှစ်စတွင်ပင် မင်ဂျောင်ဝမ် အမှုကြောင့် နိုင်ငံကျော်တဲ့ထိ နာမည်ပျက် နေခဲ့ပြီး ဖိတ်ထားသော ဧည့်သည်ရဲ့ တစ်ဝက်ခန့်သာ လာရောက်သည်။

ဒုပါမောက္ခက မိန့်ခွန်းစကား ပြောကြားနေစဥ် ကျောင်းသားများက ပျင်းရိနေကြသည်။

"ဂျဲနိုရား.... ငါတို့ရဲ့ အဖိုးတန် မော်ကွန်းထိန်းကရော? အဲ့လောက် အရေးကြီးတဲ့ ပွဲမျိုးကို မလာဘူးလား"

ဂျဲနိုနဲ့ ဂျဲယ်မင်က ခန်းမရဲ့ အစွန်ဆုံးနဲ့ ထောင့်အကျဆုံး နေရာတွင် ရွေးထိုင်နေကြရင်း ပျင်းစရာ ညနေခင်းကို ဖြတ်သန်းနေသည်။ ဂျဲနိုက နာရီကို တစ်ချက် ကြည့်လိုက်သည်။ နေ့လယ် နှစ်နာရီခန့်က စတင်ခဲ့ပြီး ညနေ ငါးနာရီထိုးသည်ထိ မပြီးနိုင်သေးပေ။ 

"သူမလာဘူး... တစ်လျှောက်လုံး ဒုပါမောက္ခကပဲ ပွဲအခမ်းအနားတွေ စီစဥ်လာတာ သူက ဘယ်တုန်းကမှ လူရှေ့ ထွက်မလာဘူး"

"မိုက်လိုက်တာ... တကယ့် လူဆိုးဘော့စ်ပဲ"

ဂျဲယ်မင်မှာ သူတို့ရဲ့ မြင်တောင် မမြင်ဖူးသေးတဲ့ မော်ကွန်းထိန်းကို ကြိုတင်၍ လေးစားနေမိသည်။ တကယ်တော့ ဦးလေးလီကို မျက်ခွက် ဖြတ်ရိုက်နိုင်တဲ့ ဘယ်သူ့ကိုမဆို ဂျဲယ်မင်က လေးစားမည်။

"တိုကျိုမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကို မှတ်မိလား"

"အင်း"

လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က တိုကျိုမြို့စွန်တွင် ဖြစ်ခဲ့သော ဓာတုသုသေတန ပေါက်ကွဲမှုကို ဂျဲယ်မင်လည်း မှတ်မိသည်။

"မော်ကွန်းထိန်းက အဲ့ဒီနစ်နာသူတွေ ထဲကတစ်ယောက် လို့ပြောကြတယ်... သူ့တစ်ကိုယ်လုံးက မီးလောင်ဒဏ် တွေကြောင့် အမြဲတမ်း လက်အိတ်စွပ်၊ မျက်နှာဖုံးတပ် ထားရတယ်၊ ပြီးတော့ ကျန်းမာရေး အတွက်လား တခြားကြောင့်လား မသိဘူး အဲ့ဒီကတည်းက သူ့ကိုယ်သူ လူတိုင်းနဲ့ အဆက်သွယ် ဖြတ်လိုက်တယ်လို့ ငါ့အဖေပြောဖူးတယ်"

Lure of the Night || Norenmin ||Where stories live. Discover now