24

34 9 0
                                    

UNICODE




"ငါမေးပါဦးမယ် အထက်တန်း ကျောင်းသားတွေက ဘယ်တုန်းက ဝင်ပြိုင်ခွင့် ရှိသွားတာလဲ"

ဂျီဆောင်းဟူသော လူငယ်လေးက သူ့လက်ထဲမှ ရေဘူးကို ဆောင့်ချပြီး ဂျဲယ်မင်ကို လှည့်ကြည့်လာသည်။

"နားထောင် ကျွန်တော်က ဆယ့်ရှစ်နှစ်ရှိပြီ။ ပြီးတော့ ခင်ဗျားထက် အရပ်ပို​ရှည်တယ် အသံလည်းပိုသြတယ် အိုခေ"

သူတို့က ဂျီဆောင်းရဲ့ အိတ်ထဲမှ ပစ္စည်းများကို အပြောင်ရှင်း၍ ရိုင်နိုဆောစက်ရုပ်ကို ဖြေရှင်းခဲ့ကြသည်။ ထို့နောက် လုံခြုံသောနေရာရှာ၍ ရခဲ့သော ဒဏ်ရာ အနာတရများကို စစ်ဆေးရသည်။ အခြေအနေ တည်ငြိမ်သွားပြီးနောက် ဂျီဆောင်းက ချက်ချင်းပင် ဂျဲယ်မင်ကို တိုက်ခိုက်၍ ထုတ်ပယ်ရန် ကြိုးစားခဲ့သည်။ သို့သော်....

'မလုပ်ပါနဲ့ ငါသာပထမနေ့မှာ ထွက်လိုက်ရရင် ငါ့ကောင်လေးက စိတ်ပျက်ပြီးတော့ ထားခဲ့လိမ့်မယ်'

သူ့ကောင်လေးဆိုတဲ့ ဟွမ်ရန်ကျွင်: .......။

'ထုတ်လွှင့်မှုကို ကင်ဆာဖြစ်နေတဲ့ ငါ့ရဲ့ဦးလေးလီက ဆေးရုံကနေ ကြည့်နေတာ ငါသာရှုံးရင် သူဝမ်းနည်း သွားလိမ့်မယ်'

ရုံးခန်းထဲက ဌာနမှူးလီ: ........။

'မိသားစုက အရမ်းဆင်းရဲတယ် ပြိုင်ပွဲမှာ အဆင့်ကောင်းမှ ပညာသင်စရိတ် တတ်နိုင်မှာ'

လိမ္မော်ခြံပိုင်သော ဟယ်လန်ယွန်း: ........။

စသော ဇာတ်ညွှန်းတစ်ထပ်ဖြင့် နာဂျဲယ်မင်မှာ ဂျီဆောင်းကို တစ်ချိန်လုံး ဦးနှောက်စား လာခဲ့သည်။ ဟွမ်ရန်ကျွင်ဟူသော လွှမ်းမိုးမှုအောက်တွင် ဂျဲယ်မင်လေးမှာ ကမ္ဘာ့ အပေါ်ယံလွှာကဲ့သို့ အရေထူလာပြီ ဖြစ်သည်။ ဂျီဆောင်းဆိုတဲ့ ကလေးက စိတ်ကောင်းရှိသဖြင့် သူက မတိုက်ခိုက်ချင်။ အတူတူ အသင်းဖွဲ့ရန်သာ စိတ်ဝင်စားသည်။

"ဂျီဆောင်းအာ... မင်းကတကယ်ကို ကံကောင်းတဲ့ ကြွက်ဖြူလေးပဲ"

ဂျဲယ်မင်မှာ မအံ့သြပဲ မနေနိုင်တော့ပေ။ ဂျီဆောင်းတွင် အာရုံခံရေဒါ ရှိသကဲ့သို့ အထောက်ကူ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ကောက်တွေ့ခဲ့သည်။ သူက အမြဲလိုလို ဦးတည်ချက် တစ်ခုထား၍ လှုပ်ရှားနေသည်။

Lure of the Night || Norenmin ||Where stories live. Discover now