UNICODE
ချွတ်ကြည့်ရမယ် ချွတ်ကြည့်ရမယ် ချွတ်ကြည့်ရမယ်။
ဟင့်အင်း! ချွတ်ကြည့်လို့ မရဘူး။
ကားစတီယာတိုင်ကို တင်းကြပ်စွာ ကိုင်ထားသော ဂျဲယ်မင်၏ လက်များမှာ အကြောများထလျက် နီရဲနေသည်။ အိမ်မှထွက်လာစဥ် ကတည်းက ဟွမ်ရန်ကျွင် ပြောခဲ့သော စကားများမှာ သူ့ခေါင်းထဲ ထပ်ကာထပ်ကာ ပဲ့တင်နေသည်။
သူက အရွယ်ရောက် သူများနဲ့ပတ်သက်သော ကိစ္စများတွင် စိတ်လှုပ်ရှား လွယ်နေသည်ဟု သူ့ကိုယ်သူ ထင်နေမိသည်။ ဥပမာ လီဂျဲနိုဆိုရင် သူ့ကို အခေါက်ပေါင်းများစွာ အဝတ်အစား လဲပေးဖူးသည်။ ပြသနာမရှိ။ သို့သော် သူကသာ လီဂျဲနို ဒါမှမဟုတ် ဟွမ်ရန်ကျွင်ကို အဝတ်အစား လဲပေးရမည် ဆိုပါက။ ထိုအတွေးဖြင့်ပင် ရှေ့ဆက် မရောက်တော့ပေ။
အမှန်တကယ်တော့ နာဂျဲယ်မင်မှာ ပိုးအိမ်ထဲမှ ထွက်လာခါစ လိပ်ပြာငယ်လေး ကဲ့သို့ အတွေ့အကြုံ နုနယ်ရိုးရှင်းသည်။ အသက်လေးနှစ်မှ ဆယ့်ကိုးနှစ်အထိ ဦးလေးလီ၏ စောင့်ကြပ်မှု အောက်တွင် နေထိုင်ခဲ့ရသည်။ အင်တာနက်မရှိ၊ လူကြီးဖတ် စာအုပ်များမရှိ၊ လိင်မှုပညာပေးများ သင်ပေးမဲ့သူမရှိ၊ အပြင်ထွက်ခွင့် ရခဲ့လျှင်ပင် နာရီပိုင်းထက် မပိုခဲ့ဖူးသော နာဂျဲယ်မင်အတွက် နှုတ်ခမ်းဖြင့် နမ်းခြင်းကပင် အလွန်အမင်း လှုံ့ဆော်ခံရစေသည်။
ထို့အပြင် သူက အရွယ်ရောက်ကာလ မရောက်သေးပေ။
"ငါတို့က အဆောင်ကို ပြန်ကြမှာ မဟုတ်ဘူးလား"
ရန်ကျွင်က ဟိုကြည့်ဒီကြည့် မေးလာသည်။
"မင်းရဲ့ သောက်ကျောင်းက ပိတ်ခံထားရတယ်လေ အသဲလေးရဲ့ မေ့သွားပြီလား"
ဂျဲယ်မင်မှာ စိတ်အခြေအနေ ကောင်းမနေ။ သူမနေ့က ဟွမ်ရန်ကျွင်ထံမှ တရားလွန် စနောက်ခံခဲ့ရပြီး ဘာမှ ပြန်မလုပ်နိုင်ခဲ့ပေ။
အကယ်၍ သူ့ကိုယ်သူသာ ထိန်းချုပ်မှု လွတ်သွားခဲ့ပါက ရန်ကျွင်အတွက် လက်ခံရန်အသင့် မဖြစ်သေးသော အရာများ လုပ်မိနိုင်ချေရှိသည်။ သူတို့သုံးယောက်ကြား ခံစားချက်များမှာ 'စိတ်ဝင်တစား ရှိမှု' ဆိုသောအဆင့်မှ 'နှစ်သက် သဘောကျမှု' သို့ပြောင်းသွားရုံ ဖြစ်ပြီး 'ချစ်ခြင်း မေတ္တာ' ဟူ၍ နာမည်တပ်လို့ မရသေးပေ။ စိတ်လှုပ်ရှားမှု၊ လှည့်ကွက်၊ အန္တရာယ် စသည်ဖြင့် အရှိန်ရနေသော ကစားပွဲတစ်ခုတွင် ပြိုင်ဘက်ဖြစ်သူကို နှုတ်ထွက် မသွားစေလိုသော ခံစားချက်သာ ရှိနိုင်သည်။
![](https://img.wattpad.com/cover/369602993-288-k127203.jpg)
YOU ARE READING
Lure of the Night || Norenmin ||
FanfictionNorenmin Myanmar fanfiction -Renjun -Jeno -Jaemin Started: 2024 may 27