Beyond Hatred:8

455 51 24
                                    

“စာချုပ်မှာ မင်း,သားကို ကိတ္တိမအမွေစားအမွေခံသားတစ်ယောက်အနေနဲ့ အဖိုးဖြစ်သူဆီ ပေးပါ့မယ်ဆိုတဲ့အကြောင်း လက်မှတ်ထိုးထားတာ ဟုတ်တယ်နော”

သူငယ်ချင်းက စာချုပ်ရှေ့ချပေး၍ ကိုယ့်လက်မှတ်၊ကိုယ့်သက်သေခံဟုတ်မဟုတ် စစ်ဆေးအတည်ပြုသည်။

“အဲဒီအချိန်တုန်းက စာချုပ်ကို သေချာဖတ်သလား”

အမေးတွင် ကိုယ်တစ်ချက် ကြောင်သွားသည်။ထိုအချိန်က မှတ်မိသလောက် ကိုယ့်အပူနှင့်ကိုယ်မို့ ထိုအကြောင်းကိစ္စအပေါ် စေ့စေ့စပ်စပ်ကြီး အာရုံမစိုက်ဖြစ်ခဲ့ပါ။ထိုအကြောင်းနှင့်ပတ်သက်ပြီး ဒယ်ဒီ့အပေါ်သာလျှင် လုံး၀ဥဿုံ မှီခိုထားခဲ့တာ။ဒီကိစ္စကို စီမံသူဟာ ဒယ်ဒီပါပဲ။

“ကိတ္တိမသားသမီးအနေနဲ့ အမွေစားအမွေခံ မွေးစားတဲ့အပိုင်းမှာ ဥပဒေပုဒ်မ ၅(၁)အရ မိဘနှစ်ပါးကိုယ်တိုင်က သို့တည်းမဟုတ် မိဘဆုံးပါးသွား၍ တစ်ဆင့်ခံအုပ်ထိန်းစောင့်ရှောက်ပေးထားသူ သို့မဟုတ် မိဘနှစ်ပါးထဲမှ တစ်ဦးဦးဆုံးပါပြီး ကျန်ရစ်ခဲ့သော မိခင်/ဖခင်ကိုယ်တိုင်က သဘောတူလက်မှတ်ရေးထိုးပေးခဲ့ရင် ကိတ္ထိမသားအနေနဲ့ အမွေစားအမွေခံ မွေးစားခြင်း အထမြောက်တယ်။ဒီ့အပြင် အမွေခွဲဝေရေးနဲ့ စပ်ဆိုင်လာတဲ့အခါမှာ မိဘအရင်းက မိမိသားသမီးကို မိမိမတိမ်းပါးမီအချိန်မှာ မွေးစားမဲ့ပုဂ္ဂိုလ်ဆီ တရား၀င်လွှဲပြောင်းတာ ဖြစ်တဲ့အတွက် လွှဲပြောင်းခံရတဲ့သားသမီးဟာ မိဘအရင်းရဲ့ အမွေကို ဆက်ခံပိုင်ခွင့် မရှိတော့ဘူး သူငယ်ချင်း”

(Note:ဒီအပိုင်းက နားလည်မှုနည်းနည်းလွဲနိုင်စရာ အချက်တစ်ချက်ပါသွားတဲ့အတွက် အသေးစိတ်ပြန်ရေးထားပါတယ်နော)

“ဒီလိုဆို....”

“မင်း,သားလေးက မင်းဆီက ရမဲ့အမွေကို ဆက်ခံခွင့်မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”

“ဒီလိုဆို သားကို တရားဥပဒေကြောင်းအရ ငါ့ဆီ စာချုပ်စာတမ်းနဲ့ ပြန်ခေါ်မယ်ဆိုရင်ရော”

“ဒီလိုဆို တဆင့်ခံ ခွင့်ပြုချက်လက်မှတ်လိုမယ် သူငယ်ချင်း။ကလေးကို မွေးစားထားတဲ့ အဘိုးဖြစ်သူက တိမ်းပါးသွားခဲ့ရင် သူလက်လွှဲထားခဲ့တဲ့ သား(သို့မဟုတ်)သမီးရဲ့ ထောက်ခံချက်လက်မှတ်လိုလိမ့်မယ်။ဒါဟာ အရပ်စာချုပ်နဲ့ ချုပ်ထားတာမဟုတ်ဘဲ တရားရုံးမှာ တရား၀င်မှတ်ပုံတင်ပြီး ချုပ်ဆိုထားတာဖြစ်လို့ လုပ်ရမယ့်လုပ်ငန်းစဥ်တွေ များတယ်။ငွေလည်း အတော်ကုန်မယ်။နောက်ပြီး….”

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now