(Targetကပြည့်တော့မှာဆိုတော့ Updateက ဖိန်းနွဲခါလာမယ်နော။အချစ်လက်တစ်ကမ်းရယ်၊ငယ်ရယ်၊ဒါလေးရယ် သုံးပုဒ်ဆက်တိုက် runမှာမို့ ခါတိုင်းနှစ်ရက်ခြား upပေးနေကျက နည်းနည်းနောက်ကျမဲ့အကြောင်း နိုတီပြန်လာပေးတာပါ😘)
Unicode
“ဒါဆိုရင် ဒီPatternလေးတွေ သေချာမှတ်ထားပြီး အရေးကျင့်မယ်။Writingက နောက်အပတ်မှာစမယ် ဟုတ်ပြီလား”
“ဟုတ်ကဲ့ ဆရာ”
“ဒီနေ့ ဒီလောက်နဲ့ပဲ သိမ်းကြရအောင်”
“ဟုတ်”
“ဒါပြီး သင်္ချာချိန်လား”
“ဟုတ်တယ် ဆရာ။ဝိုင်းကိုပြေးရအုံးမှာ”
“သြော် အေးအေး”
ကိုယ်ဂိုက်သင်ပေးသည့် ကျောင်းသားကလေးမှာ ကျောပိုးအိတ်ကို ကမန်းကတန်းကောက်လွယ်နေရင်း မနက်စာကို ကောင်းကောင်းမစားနိုင်။ပေါင်မုန့်ဖြူကို ဖြစ်သလို ပါးစပ်ထဲ ထိုးထည့်၍ ပဲနို့ကို ဆက်တိုက်မော့ချနေသည့်အတွက် ကိုယ့်မှာ သူ့ကြည့်ရင်း လည်ပင်း၀တွင်ပင် နင်တင်တင် ဖြစ်ရသည်။စားချိန်ကလေးတော့ မိနစ်ပိုင်းလောက်ဖြစ်ဖြစ် တသီးတသန့် အချိန်ရသင့်ပါသည်။စာကစာ အရေးကြီးသည်ဆိုမင့် ခန္ဓာကိုယ်ကျန်းမာရေးက အဓိကအကျဆုံး မဟုတ်ပါလား။
“သားရေ မြန်မြန်လုပ်!မေမေ ဆိုင်ကယ်ထုတ်ထားပြီ။သြ ထယ်ယောင်း နင်ဘာစားပြီးပြီလဲ”
“မစားရသေးဘူး။ကလေးစာသင်ပြီးမှ နင့်ဆိုင်ကတစ်ခါတည်း စားသွားမလို့”
စာအုပ်သိမ်းနေချိန် မိမိ၏သူငယ်ချင်းမ တစ်နည်း ကလေး၏မိခင်ဖြစ်သူဆီက လောဆော်သံကြားရသဖြင့် ကလေးက နဂိုထက် နှစ်ဆလောတော့သည်။ဘေးကကြည့်၍ အဆင်မပြေသည်၌ ကလေးကျောပိုးအိတ်ထဲ စာအုပ်ထည့်ကူပေးနေချိန် သေချာမဝါးပါဘဲ မြိုချထားသော အစာက လည်ပင်းတွင်တစ်၍ တအစ်အစ်ဖြစ်နေသဖြင့် ကျောလည်း အသာသပ်ပေးရပြန်၏။မိရွှေချောက အတော်ကလေးလျှင်သည်။အသံကြားပြီး သိပ်မကြာ။လူကောင်လိုက်ကြီး ပေါ်ချလာ၏။
“အေးအေး။ဒီနေ့ နင်ကြိုက်တဲ့မုန့်ဟင်းခါးကို အိုးဘဲဥနိုင်းချင်း ငါးဖယ်နိုင်ချင်းနဲ့ မုန့်ဆရာတွေ ချက်ခိုင်းထားတာ ရှယ်ပဲ။ငှက်ပျောအူရော ပဲသီးရော အများကြီးထည့်ပေးထားတယ်။ငါတစ်ပန်းကန် သောက်ကြည့်ပြီးပြီ။ယူစားသွား..ဟဲ့ ဒါနဲ့ ပိုက်ဆံလုံး၀မရှ င်းရဘူးနော်။စီလုံတီးလည်းယူသွား”