Beyond Hatred : 27

527 42 6
                                    

“အစ်ကိုလေး”

ဘုရား၀တ်ပြုပြီး၍ ကျောင်းဆောင်တွင် ဆီမီးနံ့သာပူဇော်နေစဥ် အကူမိန်းကလေး၏ ခေါ်သံကြောင့် စုစည်းထားသည့်အာရုံများ တမဟုတ်ချင်း လွင့်ပျယ်ကုန်သည်။ဦးသုံးကြိမ်ကို ကမန်းကတမ်းကောက်ချလိုက်ပြီး အနောက်သို့ကိုယ်ရို့ကြည့်တော့ ကလေးမက အားတုံ့အားနာ ရှိလေဟန် မျက်နှာကလေးဖြင့်

“ဟိုလေ အစ်ကိုလေး ဘုရားရှိခိုးတာ ပြီးပြီလား မသိဘူးရှင့်၊သခင်ကြီးကလေ”

ကလေးမမှာ ကိုယ့်ကိုလည်း အားနာသည်၊အလုပ်ရှင်ကိုလည်း ကြောက်ရသည်၊သို့နှင့် ကြားထဲက အခက်တွေ့ပုံပေါ်၏။

“ပြီးပါပြီ​၊ပြောစရာရှိတာပြောပါ ဆိုင်းမနေနဲ့”

ခါးတွင် လျော့ရဲစပြုနေသော ယောပုဆိုးကို တစ်ဘက်လှည့်၍ တင်းနေအောင် ပြင်၀တ်ပြီး ကိုယ့်ဘက်က စကားလမ်းကြောင်းဖွင့်ပါမှ မိန်းကလေး၏ မျက်နှာကလေး အနေသာဟန် တံတွေးတစ်ချက်မြိုချသည်။

“သခင်ကြီးက ခေါင်းလျှော်ချင်တာ၊တခြား အကူမောင်လေးတွေ လုပ်ပေးတာကို စိတ်တိုင်းမကျ ဖြစ်နေပါတယ်၊ဟို အဲဒါ အစ်ကိုလေးကို ပြောပြီး”

ကလေးမခမျာ အားတုံ့အားနာဖြစ်ပုံပေါ်လျက် စကားမဆက်ပါဘဲ တန့်သွားသည်။အောက်ခြေသိမ်းနှင့်ဝေယျာ၀စ္စအ၀၀အတွက် ဖြည့်တင်းရွက်ဆောင်ဖို့ အိမ်အကူများ ရှိပါရက်နှင့် တမင်တကာပင်လျှင် မိမိကိုမှ ခိုင်းစားနှိပ်စက်လိုသည့် သူ့သဘော ကလေးမနည်းတူ မိမိလည်း နားလည်သဘောပေါက်ပါသည်။

“သြော် ဒါလား ကိုယ့်အတွက် အဆင်ပြေပါတယ်၊သွားနှင့်၊လာခဲ့မယ်လို့ ပြောလိုက်ပါ”

“ဟုတ်ကဲ့ အစ်ကိုလေး”

သေချာတိကျသော အဖြေတစ်ခုရမှ ကောင်မလေးက ကိုယ်လေးရို့ရို့ပြုလျက် ကိုယ့်ရှေ့မှ သုတ်သုတ်သုတ်သုတ် ထွက်သွားတော့သည်။သို့နှင့် ရေစိုခံ ရှပ်တစ်ထည် ကမန်းကတန်း ကောက်လဲပြီး၍ အိမ့်သခင်အလိုကျ အသုံးတော်ခံဖို့ ရေချိုးခန်းထဲ ဦးတည်ခဲ့ရပြန်ပါလေ၏။လမ်းတစ်၀က်မှ စာချုပ်တွင် လက်မှတ်ထိုးဖို့ကိစ္စ သတိရတော့ အသာခေါင်းခါလိုက်မိသည်။အဘယ်အကြောင်းရှိ၍ တွန့်ဆုတ်နှောင့်နှေးနေမှန်းမသိပါသော်လည်း သား ခံစားချက်ကို စာချုပ်တစ်ခုနှင့် မချည်နှောင်ချင်သော ကိုယ့်စိတ်ဆန္ဒဟူ၍ ပြန်လည်ဝေဖန်ဆန်းစစ်မိရင်း အသာပြုံးမိလိုက်၏။ဟုတ်ပါတယ်လေ၊သားအတွက်ပါပဲ။

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now