Beyond Hatred:12

478 65 49
                                    

(Edited:ငယ်တို့ficရော ဒီficကလေးရော targetပြည့်သွားပြီဖြစ်တဲ့အတွက် Ficနှစ်ပုဒ်စလုံး သန်ဘက်ခါ(19/7/24) ညပိုင်းလောက်မှာ updateလာပါမယ်နော့)

“တနင်္လာနေ့ ပြန်တွေ့ကြမယ် ပါပါး”

“ကောင်းပြီ။ကြားထဲရတဲ့နားရက်မှာ စာသေချာလုပ်မယ်၊ထိုက်သင့်သလောက်နားမယ် နောက်ပြီး….”

သားက သူ၏နောက်လွယ် ကျောပိုးအိတ်ကလေးကို ပခုံးတစ်ဖက်ဆီ သိုင်းလျှိုနေရင်း ကိုယ့်မျက်နှာဆီ တစ်ချက်အာရုံပေးမော့ကြည့်သည်။ဖအေဖြစ်သူက စကားစရပ်သွားတော့ သားတစ်ယောက် ရှေ့ဆက်ဆိုမည်ကို သိလိုဟန်အပြည့်ဖြင့် မျက်လုံး၀ိုင်းထား၏။

“နောက်ပြီး သူ့စကားကိုလည်း နားထောင်မယ်”

စကားထဲ အရေးအရာရောက်ပြီး ထည့်မဆိုချင်ပါသော်ငြား မှာမှဖြစ်မည့် အကြောင်းအရပ်မို့ မဟချင်ဟချင်ဟလိုက်ရသည်။သားက ခပ်ပြုံးပြုံးလုပ်နေပြီး

“သူဆိုတာ ဘယ်သူလဲဟင် ပါပါး”

“ကောင်စုတ်ကလေး သိရက်နဲ့”

မျက်လုံးထောင့်ကပ်ကြည့်၍ သားတင်ပါးကို ဖတ်ခနဲ တစ်ချက်ပုတ်ပစ်လိုက်သည်။သားက ကိုယ့်ခါးကို သူ၏ လက်ကလေးနှစ်ဖက်ဖြင့် ကြပ်နေအောင် ဝိုက်ဖက်ပြီး

“စိတ်ချပါ…ဒယ်ဒီ့စကားလည်း နားထောင်တယ်၊ပါပါးစကားလည်း နားထောင်တယ်။ဒီလို လိမ္မာတဲ့ကောင်ကလေးကို ပါပါးနဲ့ဒယ်ဒီက သားကလေးအဖြစ် တော်ထားရတာပါနော်”

“ဒီလိုဆို နောက်ထပ်ပြီး ဒါမျိုး မပြောမဆို ကိစ္စတွေထပ်မရှိစေနဲ့…ကြားလား..လိမ္မာတဲ့ကလေးတွေဟာ မိဘတွေကို စိတ်ပူရအောင် မလုပ်ဘူး”

“ဟွန့် ဟုတ်ကဲ့ ပါပါး။တစ်ခေါက်လေး စိတ်ပူရအောင်လုပ်မိတာနဲ့ သားက မလိမ္မာတော့ဘူးလား”

ဖက်ထားရာက မလွှတ်သေးပါဘဲ တောက်တဲ့လေးတစ်ကောင် ဖအေ့အနား မှီတွဲနေသေးသဖြင့် လက်မောင်းရင်းက အားသုံးဆွဲခွာမှ ကွာကျသွား၏။

“ကဲ အိမ်ပြန်နောက်ကျရင် အလကားဆူခံထိနေမယ်၊သွားတော့ ပါပါး အသည်းအသက်လေးရဲ့”

သား၏ ပြည့်ပြည့်တင်းတင်း မျက်နှာကလေးကို ကိုယ့်လက်ဖဝါးနှစ်ဖက်ဖြင့် အသာအယာဖြစ်ညှစ်၍ နှုတ်ခမ်းလုံးကလေးဆီ ဖိမွှေးမိလျှင် ကိုယ့်သားမောင် လူပျိုကလေးက အရှက်သည်းသွားဟန် ပခုံးကလေး ကျုံ့ပြီး “ပါပါးရေ့”ဟူသော အသံပိစိကလေးကို ထုတ်သည်။

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now