မီးဖိုခန်းထဲ ၀င်လာချိန် ကျွန်တော့်ဘက်သို့ ကျောပေးလှည့်ရင်း သူက ငုံးဥပြုတ်ကို အသေအချာ ရွေးထည့်နေသည်။စေတနာတွေ သိပ်ပေါပါ၏။ဖြူပေ့ချောပေ့ ခပ်ဝန်းဝန်း အလုံးကလေးများကိုမှ တမင်တကာ ရွေးဆယ်ထည့်နေပြီး အပေါ်မှနေလျက် မုန်ညှင်းဖြူနှင့် အသည်းအမြစ်ကိုလည်း ထပ်ကိုက် ထည့်ပေးနေသေးသည်။
“အရမ်းများနေပြီ။လျှံကျကုန်တော့မယ်”
“မင်းအပူပါလား”
အရွဲ့တိုက်သည့်နေရာတွင် အလွန်အင်မတန်မှ သူ ကျွမ်းကျင်သည်။အသားဖတ်ကို တရပုံ ပုံအောထည့်ပြီး မုန်ညှင်းဖြူကိုလည်း အပြည့်အမောက် ထပ်ဖြည့်သည်။ထင်သည့်အတိုင်း ကြေးအိုးက မောက်ပြည့်လျှံတက်လျက် ပန်းကန်ထဲက လျှံကျတော့၏။ကြွေစင်တစ်ခုလုံး ပေပွကုန်သည်။
“ညစ်ပတ်လိုက်တာ တအားပဲ။စည်းကမ်းကို မရှိဘူး”
“မင်းအိမ်လား။ငါ့ဘာသာ ငါ့စိတ်ကြိုက် ငါလုပ်ချင်သလိုလုပ်မယ်။လျှာမရှည်နဲ့။”
တစ်ရှူးယူပြီး သုတ်ပေးတော့ စေတနာ ပျက်မည့်စကားကို တမင်တကာ ရွေးကောက်ဆယ်ယူပြီးပြောသည်။ဟင်းရည်များ ပေပွထားသော တစ်ရှူးဖတ်စိုဖတ်ဖတ်ကို ကောက်ထွက်နေသော သင်း၏signatureဆီ ပစ်ပေါက်လိုက်၏။တင်လုံးတည့်တည့်မှန်တော့ ၀တ်ထားသော ည၀တ်ဘောင်းဘီက ဆီအကွက်လိုက် ဖြစ်ကုန်သည်။
“ဘာလုပ်တာလဲ”
“မြင်တဲ့အတိုင်းပဲ”
“သွားပါပြီ။တစ်နေ့ကမှ ၀ယ်ထားတဲ့ ငါ့အသစ်စက်စက် ၀တ်စုံလေး”
တင်ပါးကို တမင်တကာ အနောက်သို့လိမ်ပြီးဆီကွက်သွားသော နေရာဆီ တဖတ်ဖတ်ခါပြု၍ ညည်းနေညူနေသည်။သြော် ခမျာ အဝတ်အစား ဆင်းရဲရှာတော့ နှမြောလိမ့်မပေါ့။
“သေနာကောင်!အစုတ်အပျက်!ပြန်လျော်ပေး!ငါ့ဘောင်းဘီ အသစ်ကလေး မလျှော်ရက်လို့ ဆပ်ပြာထိရင် အရောင်မှိန်မှာစိုးလို့တောင် ပေါင်ဒါဖို့ပြီး နှစ်ရက်နှစ်ညတိတိ၀တ်ထားတာ!ပြန်လျှော်ပေး!အကောင်းအတိုင်းရအောင် ပြန်လျှော်ပေးလို့!ဂျီမင်းစုတ်”
ခါးကြီးလိမ် တင်ကိုနောက်ပစ်ပြီး မျက်နှာကိုပါ ရှုံ့ထားတော့ သူ့ပုံစံက မသိလျှင် တမင်တကာ လူကိုမြှူဆွယ်နေသလို။ကျွန်တော့်အာခေါင်က ရုတ်တရက်ကြီး ခြောက်လာသည်။