Beyond Hatred :14

345 29 5
                                    

ဒယ်ဒီနှင့် ငြိမ်းချမ်းရေးရယူပြီးပြီဖြစ်ရာ အခါတိုင်းညများကဲ့သို့ပင် ဂျွန်ယောင်းသည် ဒယ်ဒီ့ ရင်ခွင်ထဲသို့ တိုး၀င်မှီချွဲ၍ ကလေးပေါက်စန လုပ်နေ၏။ဒယ်ဒီက အိပ်ရာပေါ်တွင် ခေါင်းအုံးတစ်လုံး နောက်ပြန်မှီခု၍ ပက်လက်အနေအထား ရှိနေပြီး ဂျွန်ယောင်းက ဒယ်ဒီ့ရင်ဘတ်ပေါ်တွင် ခေါင်းတင်မှီရက် အနေအထားဖြင့် ဒယ်ဒီဆံပင်ဖွပေးသည်ကို ငြိမ်သက်လျက် ရှိနေ၏။

"ဗိုက်ထဲ အများကြီးသွင်းလိုက်လို့ ပြည့်သွားပြီ"

"ဟုတ်လား"

"ဖက်ထုပ်ဆီချက်ရယ်"

"အင်း"

"ဂဏန်းမဆလာချက်ရယ်"

"အင်း"

"မူကထရယ်"

"အင်း"

"သားအစာအိမ် ပေါက်ထွက်သွားရင် ဒယ်ဒီ့ကြောင့်"

"အင်း"

"ဒယ်ဒီက တအားကောင်းအောင် ချက်ကျွေးတော့ ဂျွန်ယောင်းက အများကြီး စားမိတာပေါ့"

"အင်း"

ဂျွန်ယောင်းပြောသမျှကို ဒယ်ဒီက "အင်း"တစ်လုံး အာဂုံဆောင်လျက်။ကြာလာတော့ တစ်ယောက်တည်း ကိုလေပေါလေး လုပ်နေရသူ ကလေးလေးအဖို့ ငြူစူစိတ်ကလေး အမောက်ထောင်ထလာသည်။ဂျွန်ယောင်းနှင့်နှစ်ယောက်တည်း Dinnerစားပြီး အိပ်ရာပေါ် ရောက်ကတည်းက ဒယ်ဒီတစ်ယောက် အိပ်ရာပေါ် ဆန့်ဆန့်ကြီး ဖြစ်နေခဲ့တာပါနော်။ဂျွန်ယောင်းဘက်ကပဲ စကားအများကြီး ဒိုင်ခံပြောပေးနေရပြီး ဒယ်ဒီက တုပ်တုပ်မလှုပ် "အင်း၊ဟုတ်လား" ထိုသို့သာ followလိုက်သည်။

"ဖတ်"

ဒယ်ဒီ့ရင်ဘတ်ကြီးကို ဂျွန်ယောင်း၏လက်ဖဝါးဖြင့် ခပ်ဆတ်ဆတ်ကလေး ရိုက်ပုတ်ပစ်လိုက်သည်။"အိုး"ဟူ၍ သားတော်မောင် စိတ်ကျေနပ်ရလေအောင် နာဟန်ပြပြီးလျှင် ဒယ်ဒီက ခေါင်းတစ်ချက် ပင့်ကြည့်၏။ရင်ဘတ်ပေါ်ပါးအပ်ထားရာမှနေလျက် မျက်လုံးကလေးဆွေဆွေစောင်းစောင်းဖြင့် ဒယ်ဒီ့မျက်နှာဆီ ဂျွန်ယောင်းက မကျေမနပ် မျက်ခွံလှန်ကြည့်သော် ရယ်သံတိုးတိုးလျလျ ဒယ်ဒီက ပြုလေသည်။

"ကောင်စုတ်ကလေး။ဖအေကို သိပ်စွာ"

ဂျွန်ယောင်း၏လက်သီးလုံးကလေးကို ဒယ်ဒီက သူ၏လက်ဖဝါးထဲ တင်းကြပ်နေအောင် ဆုပ်ယူလိုက်ပြီး လက်သည်းလက်ဆံ သေးသေးကလေးများကိုလည်း တဖွဖွနမ်းရှုပ်သည်။ဒယ်ဒီ့နှုတ်မှ မကြာခုတင် ​ကြားရလေ့ ရှိဖူးပါသည်။ဂျွန်ယောင်းကလေး လသားအရွယ်ကလေးကတည်းက ဒီလက်သေးသေးကလေးတွေက ဒယ်ဒီ့လက်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ခဲ့တာပါတဲ့။

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now