Beyond Hatred:21

360 35 6
                                    

“ရှုအန်ဂျယ်လီ”

“အန်ဂျယ်လီမဟုတ်လား အဲဒါ”

“ဟုတ်ပါ့ မင်းသမီးရှုပဲ၊ရှုက မြန်မာပြည် ပြန်လာတယ် ဟုတ်နိုင်ပါ့မလား၊နိုင်ငံခြား ထွက်သွားပြီး ယောကျ်ားရပြီးကတည်းက သူဒီကို ပြန်မလာတာ ဆယ်နှစ်ကျော်၊အနုပညာအလုပ် ပြန်လုပ်ဖို့တော့ ပြန်လာတာမဖြစ်နိုင်ဘူး”

“ဘာမဖြစ်နိုင်စရာ ရှိလဲ၊တို့တွေရဲ့ ရှုပြန်လာပြီဆိုမှတော့ ထုတ်လုပ်ရေးကကောင်တွေ ပြာယာခတ်ကြအုံးမယ်၊စန်းမသေသေးဘူးကွ အများကြီးဆွဲဆောင်မှုရှိပြီး လှနေတုန်းပဲ”

“အရင်တုန်းက “ရှု”က ချစ်ဖို့ကောင်းတာ၊အခု “ရှု”ကျ တည်ငြိမ်ရင့်ကျက်သွားတာ”

စာမူအပ်ပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မန်ထိုပေါက်စီ၀ယ်၍ ပြန်မည်ပြင်ချိန် ယောကျ်ားသားတစ်သိုက်၏ မပြီးဆုံးနိုင်သော “ရှု” ဇာတ်လမ်းကို နားကြားပြင်းကပ်စွာကြားလိုက်ရသည်။တီဗွီဖန်သားပေါ်မှ “ရှု”၊ပြုံးရွှင်ကြည်သာနေသော “ရှု”၊ယောကျ်ားသားတိုင်း၏ အသည်းကို လှလှပပ ဖမ်းစားနိုင်သော “ရှု”၊ရုပ်ကလေး ပက်ပက်စက်စက် လှသလောက် စိတ်ထားယုတ်မာ ကောက်ကျစ်လှသော “ရှု”၊ကိုယ့်အတွက်တော့ သေသည်အထိ အသည်းထဲနင့်နေအောင် မုန်းတီးသွားရမည့် မိန်းမ၊ထိုမိန်းမက ကင်မရာ မီးရောင် တဖြတ်ဖြတ်အောက်တွင် Luggageတစ်လုံးဆွဲ၍ လက်ပြနှုတ်ဆက်နေပြီး ဘေးမှ ကိုယ်ရံတော်ပေါင်းများစွာခြံလျက် ဖန်သားပြင်မှနေ၍ ကိုယ့်ကို လှောင်​သရော်နေသည်။

“ဘွန်း!”

ပေါက်စီထုတ်ကို ဆိုင်ကယ်လက်ကိုင်တွင် ကောက်ချိတ်ပြီး ကိုယ့်ဦးတည်ရာက ဆေးရုံ၊ဟိုမိန်းမကြီး ရှိနေသော ဆေးရုံ။

“အဒေါ်နဲ့တူမ နှစ်ယောက်ပေါင်းပြီး ဘာစောက်ဇယားရှုပ်အုံးမလဲ မသိဘူး၊အရှုပ်တွေ လုပ်ကြည့်စမ်း!ဟိုး အရင်ကလို ငါ ငြိမ်ခံမယ် ထင်သလား “ရှုမ၀!!”၊နင်ရော နင့်အဒေါ့်ကိုပါ အရှင်လတ်လတ် သင်္ဂြိုဟ်ပစ်မယ်!!!”

အစိုင်အခဲအကြိတ်က သင်းမျက်နှာမြင်တော့ ရေစိမ်ဘောလုံးနှယ် တဖြည်းဖြည်း ကြွတက်သည်။ဘာကိစ္စရှိလို့ မြန်မာပြည်ကို ပြန်လာတာဖြစ်မလဲ။ဟို မိန်းမကြီး စနက်၊နောက်ပြီး ပတ်ဂျီမင်း အတွက်ပဲ ဖြစ်မှာပေါ့။သောက်ကျိုးနည်း မိသားစု။အခုထိလည်း နည်းမျိုးစုံသုံးပြီး ဒုက္ခပေးတုန်း။

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now