(Feedbackမရလို့ ပြန်တင်တာ😒feedbackလေးလည်း ပေးကြပါအုံး ယူတို့ရဲ့။နောက်ပြီး Voteတွေပေးပြီးရင် ပြန်ပြန်နှုတ်သွားကြတာ ဘာအထှာလဲနော်🥴)
“မစားဘူးတဲ့လား”
“ ဟုတ်ကဲ့”
အလုပ်စားပွဲတွင် ကျွန်တော့်၏ ရှယ်ယာဈေးကွက်အတွက် အလုပ်ရှုပ်နေရင်း စီစီတီဗွီမှတစ်ဆင့် ချိတ်ဆက်ထားသော screenပေါ်က သားအိပ်ခန်းဆီလည်း ကျွန်တော့်အကြည့်က မကြာမတင် ရောက်ရသည်။သားကြိုက်တတ်သော ပီဇာ၊croissant(မုန့်အီကလဲ)၊ပါစတာ၊Puddingအစရှိသဖြင့် ကျွန်တော့်ဟိုတယ်ရှိ အကောင်းစားစားဖိုမှူးများ၏ သေသပ်လှသော စားချင့်စဖွယ် ဟင်းချက်လက်ရာများဖြင့် သားကို ကျွန်တော်ဆွယ်ခဲ့ပြီးပြီ။ဂျစ်တိုက်ဆန္ဒပြလျက် သားက တစ်ခုတစ်လေလေးမှ မတို့မထိ ခေါင်းယမ်းငြင်းဆန်သည်။
“ မင်းတို့ထဲက စားချင်တဲ့သူတွေ ရှိရင် စားလိုက်ကြ။မစားချင်ရင် ခြံထဲကအလုပ်သမားတွေကျွေးလိုက်”
အိမ်ထိန်းအမျိုးသမီးဆီ တစ်ချက်မေးဆတ်ပြတော့ အမျိုးအမည်များ စုံလင်စွာထည့်ထားသော မုန့်ဗန်းကိုသယ်ယူ၍ အနားက ခပ်သွက်သွက်သွားလိုက်၏။မျက်မှောင်တစ်ချက်ကြုတ်မိတော့ PAက စားဖိုမှူးဆီ ဖုန်းဆက်ဖို့ လက်ပြင်သည်။
“ မဆက်နဲ့တော့။အမျိုးနှစ်ဆယ်ရှိတာတောင် မစားဘူးလို့ ငြင်းနေရင် သူတကယ်မစားချင်တာပဲ။အလကားနေ အလကား ပင်ပန်းတယ်၊အချိန်ပုတ်တယ်။Bookingချိတ်ထားတဲ့ Dinner Cateringအတွက် ပြင်စရာရှိတာ ပြင်ဖို့သာပြောလိုက်တော့။ “
“ဟုတ်ကဲ့ သူဌေး”
PAက ချက်ချင်း ဖုန်းကိုပိတ်ချသည်။လက်နှစ်ဖက်ရှေ့ယှက်လျက် သူဌေး၏ ရှေ့ဆက်မည့် အမိန့်ကို စောင့်စားဟန် အသင့်အနေအထားဖြင့် ရပ်နေ၏။
“Partnership Webinarက နက်ဖြန်နေ့လယ်...?”
“25 to 2pm ပါ သူဌေး”
“အရစ်ကိုရှည်တယ် 1:35pmလို့ပြောရင် မင်း မြွေပွေးကိုက်မှာ မို့လို့လား”
“သခင်လေးဂျွန်ယောင်းက နာရီမေးရင် ဒီအတိုင်းပဲ ပြောလို့ သင်ပေးထားလို့ပါ။ကျောင်းက အဲဒီလိုပဲ သင်လို့ပါတဲ့”