1

3.3K 49 0
                                    

*Unicode*

အချစ်သည် လေညင်းကဲ့သို့...

         (or)

ချစ်တယ်ဆိုတာထက်ပို s2

Part.1

ခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကနူးညံ့ညှင်သာနေပြီးခါးထိဖြောင့်ဆင်းနေတဲ့ဆံနွယ်ရှည်တွေကသူမတစ်ခါလျှောက်လှမ်းလိုက်တိုင်း လေနဲ့အတူပျံ့လွင့်၍သွားလေ၏။

သူမနာမည်ကသက်ထက်စံ။

အရမ်းလှပေမယ့်ဘယ်သူကခူးဖို့မရဲတဲ့ပန်းကလေးတစ်ပွင့်ဆိုလည်းမမှားပေ။
ဘာလို့လဲဆိုတော့ထိုပန်းလေးရဲ့အစောင့်ရှောက်ကသားရဲတစ်ကောင်လိုကြောက်စရာကောင်းနေလို့ပါပဲ။

''ဟျောင့်တွေ အဲ့ကောင်မလေးကဘယ်သူလဲ''

သူညွှန်ပြတဲ့နေရာသို့အကုန်ကြည့်လိုက်တော့ခရမ်းနုရောင်မြန်မာဝတ်စုံလေးနဲ့မိန်းကလေးကိုမြင်ပြီး

''ဟာ မင်းကလည်းမြင်တတ်တယ် သူ့ကိုသွားမရှုပ်စမ်းပါနဲ့ ဒီသင်တန်းတစ်ခုလုံးကြိုက်တဲ့မိန်းမကိုပိုးစမ်းပါကွာ သူ့ကိုတော့စိတ်ကူးတောင်မယဥ်နဲ့ဟေ''

''ဘာဖြစ်လို့လဲ သူကမာနကြီးလို့လား''

''မဟုတ်ဘူး သူ့ပိုင်ရှင်ကြီးကမင်းကိုအမှုန့်ချေပစ်လိုက်မှာစိုးလို့''

''ရည်းစားကြီးနဲ့လား''

''ရည်စားလားဘာလားတော့မသိဘူး အဲ့ဘဲကြီးကတော့သက်ထက်စံကသူ့မိန်းကလေးဆိုပြီးကြွေးကြော်ထားတာပဲ''

''သက်ထက်စံတဲ့လား''

သူ့နှုတ်ခမ်းထက်မှာအဓိပ္ပါယ်တစ်မျိုးပါသောအပြုံးပန်းတစ်ခုကပွင့်လန်းသွားရလေသည်။

*****

ဒီနေ့သင်တန်းကအစောကြီးပြီးတာမို့သူမသင်တန်းရှေ့ကခုံလေးမှာထိုင်ကာတစ်စုံတစ်ယောက်ကိုစောင့်နေလေ၏။

အဲဒါကတော့သူမဘဝမှာသူမမိဘတွေထက်ကြောက်ရတဲ့သူ ကိုကိုမာန်ထည်ဝါကိုပါ။

ထိုအခိုက်လူတစ်ယောက်ကသူမဘေးလာကပ်ထိုင်၍သက်ထက်အလန့်တကြားနဲ့နေရာမှထပြေးတော့သူကသက်ထက်လက်ကိုဆွဲကာ

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now