7

1K 35 2
                                    

*Unicode*

အချစ်သည် လေညင်းကဲ့သို့...

         (or)

ချစ်တယ်ဆိုတာထက်ပို s2

Part.7

''ဘယ်လို ထည်ဝါကသူ့မိသားစုကလွဲရင်ဘယ်သူ့ကိုမှမမှတ်မိတော့ဘူး ဟုတ်လား''

''ဟုတ်တယ်မေမေ သူ့တပည့်တွေလည်းမှတ်မိတယ် ဒါပေမယ့်အသက်ကိုကျမမှတ်မိဘူးတဲ့ အဟင့်''

အသက်မှာအမေဖြစ်သူရှေ့မှာတောင်ဟန်မဆောင်နိုင်ဘဲရှိုက်ငိုနေမိသည်။

''ဒါဖြစ်နိုင်ရဲ့လား သူကဘာလို့လူနည်းနည်းလေးကိုပဲကွက်ပြီးသတိရတာလဲ သူလုပ်ကြံနေတာနေမှာ''

စကားလည်းအဆုံး ပန်းနီကမတ်တပ်ထရပ်လိုက်ပြီး

''ငါသွားပြီးအတည်ပြုမယ်''

ဟုဆိုကာအိမ်ပေါ်သို့တက်သွားလေသည်။
ခဏကြာတော့သူမကအဝတ်အစားလဲ ပိုက်ဆံအိတ်လွယ်ပြီးအိမ်ပေါ်မှပြန်ဆင်းလာကာ

''ပန်းနီသွားလိုက်ဦးမယ်မေမေ ကိုကိုတစ်ကယ်အတိတ်မေ့တာဟုတ်မဟုတ်သွားကြည့်မယ် လိမ်နေတာဆိုလို့ကတော့အရေခွံစုတ်ပြီးငါးခြောက်လှမ်းပစ်မယ်''

ပြောပြီးသူမ ဘောက်ဆတ်ဘောက်ဆတ်နဲ့အိမ်ထဲကထွက်လာခဲ့လိုက်သည်။

ဟုတ်ရင်ဟုတ်ပေါ့လေ။

သူမဆေးရုံကိုရောက်သောအခါတွင်.....

''ကိုကိုကလည်း ပန်းနီလေ ပန်းနီနီပါဆို ငယ်ငယ်ကဒီလောက်ကမြင်းကြောတူတူထခဲ့တဲ့သူကိုဘာလို့မမှတ်မိရတာလဲလို့ ကိုကိုသေချာစဥ်းစားကြည့်စမ်းပါဦးလား ဟင်''

သူမဒီကိုစရောက်ကတည်းကကိုကို့ကိုအသည်းအသန်ရှင်းပြနေခဲ့တာ။
သူမကသာအသက်ထွက်မတက်​ပြောပြနေပေမယ့်ကိုကိုကတော့သူမအားအထူးအဆန်းသတ္တဝါလိုသာကြည့်နေဆဲပင်။

''ပန်းနီနီတွေပန်းဝါဝါတွေမသိဘူး မင်းကိုအခုမှမြင်ဖူးကြားဖူးတာပါလို့ဘယ်နှစ်ခါပြောရမလဲ''

''ကိုကိုလိမ်နေတာပန်းနီသိတယ် ကိုယ့်မရီးလောင်းဖြစ်လာမယ့်သူကိုဘာလို့မေ့မှာလဲ''

''မရီးလောင်း...ဘာလဲ မင်းကငါ့အစ်ကိုရဲ့ကောင်မလေးလား''

''အဲလိုပြောလို့ရပါတယ် မကြာခင်ကိုကိုပြောသလိုဖြစ်လာတော့မှာ ဒါပေမယ့်အခုပန်းနီပြောတဲ့မရီးလောင်းဆိုတာက ကိုကိုကပန်းနီရဲ့ညီမနဲ့ယူမယ့်သူမို့လို့''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now