19

1.6K 49 5
                                    

Unicode

အချစ်သည် လေညင်းကဲ့သို့.....

Part.19

''ကိုကို,အသက်ကိုဘယ်ခေါ်သွားနေတာလဲ''

''မကြာခင်သိမှာပေါ့ အခုတော့အိပ်လိုက်ပါဦး''

''အသက်ကိုအိမ်ပြန်ပို့ပေးပါကိုကို''

''အိမ်ပြန်ပို့ပေးဖို့ခေါ်လာတာမှမဟုတ်တာ ခိုးပြေးလာပါတယ်ဆို''

''ကိုကိုနော် အသက်ကိုအဲလိုမလုပ်နဲ့ အခုပြန်ပို့ပေး ခိုးပြေးတယ်ဆိုတာကအနှောက်အယှက်တွေကြောင့်လွယ်လွယ်မပေါင်းစည်းနိုင်တဲ့သူတွေမှလုပ်တာလေ ကိုကိုနဲ့အသက်က...''

''ကိုကိုနဲ့အသက်ကဘာဖြစ်လဲ''

''မိဘချင်းသိတယ်လေ တားမယ့်သူလည်းမရှိတာကို''

''သိတယ်လေ ခိုးပြေးတဲ့အရသာကိုသိချင်လို့ ခိုးစားရတာကပိုပြီးအရသာရှိတယ်''

ကိုကို့စကားကြောင့်အသက်တစ်ကိုယ်လုံးထူပူသွားရပြီးလက်ဖျားတွေပါအေးစက်သွားရ၏။
သူမမျက်နှာတွေရောနားတွေပါအပူငွေ့တွေတက်လာသလိုပင်။

''ကိုကိုနော် ဘာ ဘာတွေပြောနေတာလဲ''

ကိုကိုက​ပေါင်ပေါ်တင်ထားတဲ့သူမလက်ကလေးတစ်ဖက်ကိုဆွဲယူပြီးလက်ဖမိုးလေးကိုဖိနမ်းကာ

''လက်ဖျားတွေအေးနေပါလား ကြောက်နေတာလား''

''လွှတ်''

အသက်အတင်းရုန်းတော့ကိုကိုကသူမလက်ချောင်းလေးတွေကိုမလွတ်တမ်းဆုပ်ကိုင်ထားလေတော့သည်။

***

''သိပါတယ် ကျွန်တော်လည်းမရည်ရွယ်ထားဘဲလုပ်လိုက်မိတာ''

''ခွေးလေး နှစ်အိမ့်တစ်အိမ်ဖြစ်နေတာကိုဘာကိစ္စအလုပ်ရှုပ်ခံပြီးခိုးပြေးရတာလဲကွ''

''ခိုးပြေးတာဘယ်လိုလဲသိချင်လို့ပါဆိုနေ''

''ဒီ...ငါလေ ဆဲမိတော့မယ်''

''ဖေဖေကလည်း''

''ပါးစပ်ပိတ်ထား မနက်ဖြန်ချက်ချင်းပြန်လာခဲ့ကြ''

''ဟုတ်ကဲ့ပါ''

သူမကိုကျောပေးကာဖုန်းပြောနေသောကိုကို့ကိုကြည့်ပြီးအသက်မှာတုပ်တုပ်မှမလှုပ်ရဲ။

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now