5

828 31 0
                                    

*Unicode*

အချစ်သည် လေညင်းကဲ့သို့...

         (or)

ချစ်တယ်ဆိုတာထက်ပို s2

Part.5

ဒီနေ့ကကိုကိုခရီးထွက်သွားတာဆယ်ရက်မြောက်နေ့။

မကြာခင်ကိုကိုပြန်လာတော့မှာမို့အသက်လည်းရှိုင်းသုတနဲ့အဆက်အသွယ်ဖြတ်ဖို့သာစဥ်းစားရတော့သည်။

သူ့ကိုcbကနေစာပို့ပေမယ့်သူကမကြည့်၍အသက်လည်းဖုန်းသာခေါ်လိုက်တော့သည်။

''ဟဲလို ရှိုင်း သက်ပြောစရာရှိလို့''

''ကိုယ့်ကိုအဖြေပေးဖို့လား''

''ဆိုပါတော့''

''ကိုယ်အခုအပြင်ရောက်နေတာ သက်ဆီဝင်ခဲ့မယ်လေ ရလား အိမ်မှာလူကြီးတွေရှိလား''

''မမတော့ရှိတယ်''

''ကိုယ်လာလို့ရလား''

''အင်း လာခဲ့လေ''

''ok ကိုယ်အခုလာပြီ''

အသက်ဖုန်းချပြီးတာနဲ့သက်ပြင်းလေးသဲ့သဲ့ချလိုက်မိ၏။

ဒီနေ့ပြီးရင်သူနဲ့ထပ်ပတ်သက်စရာမရှိတော့ပါဘူး။

နာရီဝက်ခန့်ကြာချိန်မှာရှိုင်းသုတတစ်ယောက် အသက်ဆီသို့ရောက်လာလေ၏။
နှစ်ယောက်လုံးခြံထဲကခုံတန်းမှာပဲစကားထိုင်ပြောဖြစ်ခဲ့ကြသည်။

''အသက် ကိုယ့်ကိုအဖြေပေးမယ်ဆို''

''အင်း အဲဒါက ရှိုင်းကိုသက်မချစ်ဘူး''

''ဘယ်လိုသက် အခုကိုယ့်ကိုငြင်းလိုက်တာလား''

''အင်း''

''ဘာလဲ မာန်ထည်ဝါကြောင့်လား''

''.....''

''သူကသက်ရဲ့ချစ်သူမှမဟုတ်တာ သက်ကိုသူထားရာနေစေရာသွားအရုပ်တစ်ရုပ်လိုသဘောထားတဲ့သူ သက်ကိုယ့်အပေါ်မှာခံစားချက်ရှိနေတာကိုယ်သိတယ် သက်စဥ်းစားပေါ့ ကိုယ့်ဘေးမှာလွတ်လွတ်လပ်လပ်နေမလား သူ့ဘေးမှာအကျဥ်းကျနေသလိုနေမှာလားလို့''

အသက်ဘာပြန်ပြောလို့ပြောရမှန်းမသိ။

''သူကသက်ကိုသူ့အပိုင်ပါဆိုပြီးခြယ်လှယ်ချင်တိုင်းခြယ်လှယ်နေတာ သက်ကလူလေ သူ့အပိုင်ကိုယ့်အပိုင်ဆိုပြီးပြောရမယ့်အရုပ်လေးမဟုတ်ဘူး သူကသက်ကိုချစ်လည်းမချစ်ဘူး''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now