8

671 26 1
                                    

Unicode

အချစ်သည် လေညင်းကဲ့သို့.....

Part.8

ကိုယ့်အတွက်တစ်ချိန်လုံးဖြစ်တည်လာတဲ့သူက တစ်ခြားသူတစ်ယောက်အတွက်ပြောင်းလဲဖြစ်တည်သွားခြင်းအပေါ်မှာအသက်တစ်ကယ်ပဲခံနိုင်ရည်မရှိခဲ့ဘူး။

အရင်ကသူမအပေါ်ချုပ်ကိုင်လွန်းတဲ့ကိုကို့ကြောင့်စိတ်ကျဥ်းကျပ်ခဲ့ရပေမယ့် အခုတော့အဲဒီကိုကို့ကိုပဲပြန်လိုချင်တယ်။

အခုဆိုသူမမှာစားလည်းဒီစိတ် သွားလည်းဒီစိတ်နဲ့အတော်လေးစိတ်ရောလူရောပင်ပန်းပြီးနာကျင်နေရပြီ။

အသက်,ကိုကို့ကိုအရမ်းလွမ်းတာပဲ။

''ဟဲ့...အသက်..မိသက်''

သူမလက်မောင်းတစ်ဖက်ကိုဆွဲကိုင်ကာခေါ်လာသောမမအသံကြောင့်အသက်အတွေးလွန်နေရာမှသတိပြန်ဝင်လာရပြီးမမအားလှည့်ကြည့်ကာ

''အင်းမမ ဘာလဲ''

မမသူမဖုန်းလေးကိုထောင်ပြပြီး

''ကိုကိုဖုန်းခေါ်နေတယ် နင်မကြားဘူးလား''

''ဟင်''

အသက်ချက်ချင်းပဲမမလက်ထဲကဖုန်းအားဆွဲယူလိုက်ပြီးဖုန်းမြန်မြန်ကိုင်ကာ

''ဟဲလိုကိုကို''

''အင်း...သက်ထက်စံလား''

''ဟုတ်''

''ငါမင်းကိုအကူအညီတောင်းစရာရှိလို့''

''ဘာများလဲကိုကို ပြောပါ အသက်ဘာလုပ်ပေးရမလဲ''

''ခက်ခက်ခဲခဲမဟုတ်ပါဘူး ငါနဲ့မင်းနဲ့ဘာမှမပတ်သက်ဘူးဆိုတာကိုလွှာ့ကိုရှင်းပြပေး''

''ရှင်!''

''သူကမင်းနဲ့ငါ့ကိုချစ်သူတွေထင်နေတာ ဒါပေမယ့်မင်းနဲ့ငါဘာမှမပတ်သက်ဘူးဆိုတာငါ့စိတ်ကအလိုလိုသိနေတယ် ပြီးတော့မော်ကွန်းတို့ကလည်းငါတို့ကချစ်သူတွေမဟုတ်ဘူးတဲ့ မင်းမှာလည်းရှိုင်းသုတဆိုတဲ့ချစ်သူကောင်​လေးရှိတယ်​ဆို အဲဒါလွှာသိအောင်ပြောပြပေးစမ်းပါ သူ့စိတ်ထဲရှင်းသွားအောင်''

''ကိုကိုက ဘာလို့အဲ့မိန်းကလေးကိုလိုက်ရှင်းပြစေချင်တာလဲ''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now