14

1K 40 2
                                    

Unicode

အချစ်သည် လေညင်းကဲ့သို့.....

Part.14

စစ်မာန် ဆန်ပြုတ်ပန်းကန်လေးကိုင်ပြီးပန်းနီအခန်းထဲဝင်ခဲ့တော့သူမကသူ့အားတစ်ချက်သာလှမ်းကြည့်ပြီးအကြည့်လွှဲကာ

''ဘာမှယူမလာနဲ့ ဘာမှမစားချင်ဘူး''

''မစားလို့မရဘူး နင်ကိုယ်ပူရှိနေတယ် အစားစားပြီးဆေးသောက်ရမယ်''

''အပိုတွေလာလုပ်ပြမနေနဲ့ကိုကိုကြီး''

ကိုကိုကြီးကတစ်စက်ကအလေ့မလုပ်ဘဲသူမအားခေါင်းကနေဆွဲထူပြီးကျောအောက်မှာခေါင်းအုံးခုကာထိုင်စေ၍

''စကားမများနဲ့''

ဟုဆိုကာဆန်ပြုတ်တစ်ဇွန်းအားသူမနှုတ်ခမ်းနားတေ့ပေးလာလေ၏။

သူမကလည်းအကြောတင်းစွာနဲ့နှုတ်ခမ်းကိုသာတင်းတင်းစေ့ထားလေသည်။

''ပါးစပ်ဟ''

''.....''

''ပန်းနီ''

''.....''

''ပါးစပ်ဟလို့ပြောနေတယ် အစားစားမှကျန်းမာမှာပေါ့ လိမ္မာပါတယ် နည်းနည်းဖြစ်ဖြစ်စားလိုက်ပါ''

သူချော့ပြောမှသူမကပေစောင်းစောင်းနဲ့သူ့အားကြည့်လာပြီးပါးစပ်ဟပေးလာလေသည်။

သူပန်းနီအားဆန်ပြုတ်ကိုတစ်ဝက်လောက်ထိခွံ့ပြီးမှ​ဆေးပါတိုက်လိုက်၏။

အားလုံးပြီးပြီဆိုမှ...

''ပန်းနီ ငါတို့ကိစ္စက...''

''မေ့ထားလိုက်''

သူ့စကားမဆုံးခင်သူမကဖြတ်ပြောလာလေသည်။

''ဘာပြောလိုက်တယ် ဘာကိုမေ့ထားလိုက်လဲ''

''အဲဒါဆိုကိုကိုကြီးကဘာလုပ်ချင်သေးလို့လဲ''

''နင်နဲ့ငါနဲ့ကလွန်ကျူးပြီးပြီလေ ငါတို့လက်ထပ်ရမှာပေါ့''

''ဘာရယ်! ဒီမှာကိုကိုကြီး လွန်ကျူးမိလို့လက်ထပ်ရမယ်ဆိုရင်တော့ဆောရီးပဲ ပန်းနီကကိုယ်ကချစ်တဲ့သူကိုယ့်ကိုချစ်တဲ့သူနဲ့ပဲလက်ထပ်မှာ အခုလိုအခြေအနေမျိုးနဲ့တော့ဘယ်တော့မှအိမ်ထောင်မပြုဘူး''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now