6

844 30 3
                                    

*Unicode*

အချစ်သည် လေညင်းကဲ့သို့...

         (or)

ချစ်တယ်ဆိုတာထက်ပို s2

Part.6

''ကိုကိုကဘာလို့သက်ထက်ကိုအသက်လို့ခေါ်တာလဲဟင်''

''ဘာလို့လဲဆိုတော့ အသက်ကကိုကို့အသက်လေးမို့လို့ပေါ့''

''ဟင်''

''ဒါပဲနော် ဒီနေ့ကစပြီးအသက်ကိုကိုနဲ့စကားပြောရင်ကိုယ့်ကိုယ်ကိုအသက်လို့ပဲပြောရမယ် ကြားလား''

''ဟုတ်ကိုကို''

ကုတင်ထက်မှာသတိလစ်မေ့မျောနေတဲ့ကိုကို့လက်ကိုဆုပ်ကိုင်ထားရင်းကိုကိုပြောခဲ့ဖူးတဲ့စကားတွေကိုပြန်ကြားချင်ယောင်ရင်းအသက်တစ်ယောက်မျက်ရည်များကျလာရ၏။

''သတိရလာပါတော့ကိုကိုရယ် အသက်ကိုကို့ကိုရှင်းပြချင်သေးတယ် ကိုကိုထင်တာတစ်ခုမှမဟုတ်ပါဘူး အဟင့်''

ထိုစဥ် မိုးညိုကအခန်းထဲဝင်လာပြီး

''နင်ဘာလုပ်နေတာလဲသက်ထက်စံ''

အရင်ကသူမအပေါ်မှာလေးစားမှုအပြည့်နဲ့ဆက်ဆံခဲ့တဲ့ကိုကို့တပည့်တွေကလည်းအခုတော့သူမအားအတော်လေးမုန်းတီးနေကြပြီ။

''နင်သွားတော့ ဘော့စ်ကနင့်ကိုမြင်ချင်မှာမဟုတ်ဘူး''

''ကိုမိုးညို''

''သွားစမ်းပါဟာ ပြောလို့မရဘူးလေ ဘော့စ်ကနင်ရှိနေလို့သတိရမလာတာလည်းဖြစ်ချင်ဖြစ်နေမှာ သွား''

အသက်လည်းမျက်ရည်တွေကိုအသာသုတ်ပြီးအခန်းထဲကထွက်လာခဲ့လိုက်သည်။

သူမအပြင်ကိုရောက်တော့အန်တီအရိပ်နဲ့လာဆုံလေ၏။

''အန်တီ''

အန်တီအရိပ်ကသူမလက်မောင်းလေးအားအသာကိုင်ကာ

''သမီးစိတ်ထဲမထားပါနဲ့ သူတို့ကသားကိုအရမ်းချစ်ကြတာလေ အခုသွေးပူနေတုန်းမို့ပါ လောလောဆယ်တော့သမီးဒီကိုမလာပါနဲ့ဦး သားသတိရလာရင်အန်တီသမီးကိုလှမ်းခေါ်လိုက်မယ် သားကသမီးကိုအပြစ်ယူမှာမဟုတ်ပါဘူး အဲခါကျသူတို့လည်းသမီးအပေါ်အမြင်ရှင်းသွားမှာပါ''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now