10

726 21 0
                                    

Unicode

အချစ်သည် လေညင်းကဲ့သို့.....

Part.10

ထည်ဝါရေချိုးပြီးတော့အသက်ပေးခဲ့တဲ့အဝတ်အစားတွေကိုဝတ်ပြီးထမင်းစားခန်းဆီသို့ဝင်ခဲ့လိုက်၏။
ရှပ်လက်တိုကွက်စိတ်နဲ့ပုဆိုးကိုတွဲဖက်ဝတ်ဆင်ထားပေမယ့်နဂိုရုပ်ခံရှိသူမို့သူကချောမြဲချောနေဆဲပင်။

သူထမင်းစားခန်းထဲရောက်တော့မိန်းကလေးတစ်ဦးက...

''ကိုထည်ဝါ ညကအဆင်ပြေရဲ့လား မနေ့ညကကိုထည်ဝါ​ကခြံရှေ့မှာသူခိုးလိုလာချောင်းနေတော့ဝတ်ရည်​က...''

သူမစကားမဆုံးခင်အသက်ကသူမခါးအားလိမ်ဆွဲလိုက်၍ဝတ်ရည်ပါးစပ်ကိုအမြန်ပိတ်ပစ်လိုက်ရလေ၏။

ဘယ်လိုပဲစကားဆုံးအောင်မပြောလိုက်ပေမယ့်အဓိကအချက်ကိုပြောမိသွားပြီမို့ထည်ဝါကအသက်ကိုကြည့်ကာ

''ညကတည်းကငါဆိုတာမင်းသိနေတာပဲသက်ထက်စံ''

''မသိပါဘူး''

''မင်းအပိုတွေမပြောစမ်းပါနဲ့ မင်းငါမှန်းသိသိကြီးနဲ့တမင်ရပ်ကွက်ရုံးကိုတိုင်တာမလား''

ဝတ်ရည်ကသူ့ကိုယ်သူပြဿနာရှာ​လိုက်မိပြီမှန်းသိတာကြောင့်နေရာကနေလှစ်ခနဲပြေးထွက်သွားလေတော့သည်။

''ငါမေးနေတယ်လေ''

''ဒါဆိုရှင်ကရော ညကဘာကိစ္စကျွန်မခြံရှေ့ရောက်နေတာလဲ''

''အဲဒါက...အဲဒါက...ငါဒီအတိုင်းလမ်းကြုံလို့''

''လမ်းကြုံလို့ပေါ့လေ ဖိနပ်ဘယ်တစ်ဖက်ညာတစ်ဖက် စုတ်စုတ်ပဲ့ပဲ့နဲ့အပြင်ထွက်ရင်းလမ်းကြုံလာတာပေါ့ ဟုတ်လား''

သူထိုင်ရာကထရပ်လိုက်ပြီး

''မင်းငါ့ကိုချောင်ပိတ်ပြီးမမေးနဲ့သက်ထက်စံ အေးဟုတ်တယ် ငါမင်းဆီကိုဘယ်လိုရောက်လာမှန်းငါ့ကိုယ်ငါမသိလိုက်ဘူး အဲလိုဆိုတိုင်းမင်းကငါ့စိတ်ထဲရှိနေလို့လို့တော့မထင်နဲ့ ငါ့စိတ်မှာရှိနေတာကလွှာပဲ''

သူ့စကားအဆုံးမှာအသက်မျက်ဝန်းကမျက်ရည်တွေဝဲတက်သွားရပြီးနေရာမှထရပ်လိုက်ကာ

''ကျွန်မကလည်းဘာပြောနေလို့လဲ ရှင့်ဘာသာမလုံနေတာ ရှင်သူ့ကိုအဲလောက်ချစ်တယ်ဆိုရင်လည်းသူ့ဆီပဲသွားလေ ကျွန်မဆီမလာနဲ့ ကျွန်မနဲ့ဝေးဝေးမှာသာနေပေးပါ ကျွန်မလည်းရှင့်ကိုတွေ့နေရတာမွန်းကြပ်လို့''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now