2

1.1K 27 0
                                    

*Unicode*

အချစ်သည် လေညင်းကဲ့သို့...

         (or)

ချစ်တယ်ဆိုတာထက်ပို s2

Part.2

ကိုကို့ကားလေး သူမတို့အိမ်ရှေ့မှာရပ်သွားသည်နှင့် သက်ထက်ကိုကို့မျက်နှာကိုပင်မကြည့်တော့ဘဲကားပေါ်မှအမြန်ဆင်းကာခြံတံခါးကိုတွန်းဖွင့်၍အိမ်ထဲသို့ပြေးဝင်ခဲ့လိုက်တော့သည်။

ထည်ဝါသူမပုံစံလေးကိုကြည့်ကာပြုံးလိုက်ပြီးမော်ကွန်းအား

''သွားမယ်မော်ကွန်း ပြီးရင်ငါ့အသက်လေးအတွက်မုန့်လာပို့ပေးလိုက်ဦး သူဗိုက်ဆာနေတယ်ပြောတာဘာမှဝယ်မကျွေးခဲ့ရဘူး''

''ဟုတ်ကဲ့ဘော့စ်''

ထည်ဝါဆိုတာအသက်နဲ့ပတ်သက်ရင်ကိစ္စသေးသေးလေးကအစအလေးထားသူပင်။

သက်ထက်အိမ်ပေါ်ရောက်တော့သူမအခန်းတံခါးကိုဖွင့်မယ်လုပ်တုန်းမှာပဲတံခါးကအရင်ပွင့်သွားပြီးသူမအစ်မကအခန်းထဲကထွက်လာလေတော့သည်။

''အသက် ပြန်ရောက်ပြီလား''

''မမကလည်း အဲလိုကြီးမခေါ်ပါနဲ့''

''အော် ကိုကိုတစ်ယောက်တည်းကိုပဲအသက်လို့ခေါ်စေချင်တာလား''

''အာ မမကလည်း''

သူမအစ်မဖြစ်သူအားတွန်းဖယ်ပြီးအခန်းထဲဝင်ခဲ့တော့သူမအစ်မကနောက်ကနေလိုက်လာကာ

''ဟဲ့ ငါကြော်ငြာရိုက်ဖို့ကမ်းလှမ်းခံရတယ်သိလား''

''တစ်ကယ်လားမမ''

''တစ်ကယ်ပါဆို အဲ့အကြောင်းကိုကိုကိုကြီးကိုသွားပြောပြတာ သူကအလေ့တောင်မလုပ်ဘူး စိတ်လည်းမဝင်စားဘူးဟယ်''

''ကိုကိုကြီးကဘယ်တုန်းကသူများကိစ္စစိတ်ဝင်စားလို့လဲ''

''ငါကသူများလား''

''မမကလည်းအထအနကောက်နေပြန်ပြီ''

''ဟင်းးး''

ပန်းနီကသက်ပြင်းရှည်ကြီးချပြီး

''ကိုကိုကြီးကကိုကိုနဲ့များကွာပါ့ ကိုကိုဆိုဟောဟောဒိုင်းဒိုင်းနဲ့ ဟဲ့အသက် ကိုကိုကနင်မှနင်ဖြစ်နေအောင်နင်ဘာတွေလုပ်ထားတာလဲ ငါ့ကိုပြောပြပါလား ငါလည်းကိုကိုကြီးကငါမှငါဖြစ်စေချင်တယ်''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now