4

905 26 1
                                    

*Unicode*

အချစ်သည် လေညင်းကဲ့သို့...

         (or)

ချစ်တယ်ဆိုတာထက်ပို s2

Part.4

ဒီနေ့နဲ့ဆိုကိုကိုခရီးထွက်သွားတာနှစ်ရက်ရှိပါပြီ။
ကိုကိုနဲ့မတွေ့ရတော့အသက်စိတ်ထဲလွမ်းသလိုလိုတော့ဖြစ်မိသား။

ညတိုင်းvideo callပြောနေရတာကိုပဲနည်းနည်းတော်သေးသည်ပြောရမည်။

''အသက် ဒီဝတ်စုံလေးနဲ့ငါဘယ်လိုနေလဲ''

မမကသူမအခန်းထဲဝင်လာပြီး​ပေါင်တစ်ဝက်ရှိသောbody fitအနက်ရောင်လေးကိုဝတ်ဆင်ထားကာသူမအားမေးလာ၏။

အသက် ဖုန်းသုံးနေရင်းမှအစ်မဖြစ်သူကိုဘှည့်ကြည့်ကာ

''လှတယ်မမ''

''ကိုကိုကြီးမြင်ရင်ကြွေလောက်လား''

''မပြောတတ်ဘူး ဒီပုံစံအတိုင်းဆိုသူကကြွေပဲကြွေမလားအိမ်ထဲကပဲကန်ထုတ်မလားလို့''

''ဘာလို့လဲ''

''မမခန္ဓာကိုယ်ကိုအရမ်းကြီးထင်းနေစေတယ်လေ''

''ငါကိတ်တယ်မလား''

''အွန်း''

''ရပြီ''

ပြောပြီးပန်းနီကအခန်းထဲကထွက်မယ်လုပ်တုန်းမှာသူမတို့တီလေးပင်ယံကအခန်းထဲဝင်လာပြီး

''အံမယ် ငါ့တူမကလှလို့ပလို့ပါလား''

''တီလေး''

''ဒါကဘယ်တုန်း''

''ကိုကိုကြီးဆီ အဲဒါဆိုပန်းနီသွားတော့မယ်တီလေး အသက်နဲ့ပဲစကားပြောထားနှင့်တော့''

ပြောပြီးတာနဲ့ပန်းနီကအခန်းထဲကနေလှစ်ခနဲပြေးထွက်သွားလေတော့သည်။

ပင်ယံ့အကြည့်ကအသက်ဆီရောက်လာပြီးလူကကုတင်မှာဝင်ထိုင်ကာ

''အသက်''

''ရှင်တီလေး''

''ထည်ဝါနဲ့အခြေအနေဘယ်လိုလဲ''

''ဘာကိုဘယ်လိုရမှာလဲတီလေးရဲ့ ဒီတိုင်းပဲပေါ့''

''သမီးတို့ချစ်သူတွေဖြစ်နေပြီလား''

''ဟင့်အင်း မဖြစ်သေးပါဘူး''

''ဘယ်လို''

''ကိုကိုကအသက်ကိုချစ်တယ်လို့မပြောဖူးဘူး အဲတော့ချစ်သူမဟုတ်ဘူးပေါ့''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now