15

1K 38 3
                                    

Unicode

အချစ်သည်  လေညင်းကဲ့သို့.....

Part.15

အသက်သတိဝင်လာတာနဲ့သူ့အားတွန်းလွှတ်ပစ်ပြီး

''ရှင်ဒါဘာလုပ်တာလဲ''

''ငါ...ငါ''

အသက်သူ့ရှေ့ကထွက်သွားမယ်လုပ်တော့သူကလက်ကိုအမိအရဆွဲ၍

''မင်းနဲ့ငါကဘာလဲ သူများတွေပြောကြသလိုမျိုး မင်းနဲ့ငါကလက်ထပ်ကြမယ့်ဆက်ဆံရေးလား''

''ရှင်အခုမှဘာစကားတွေလာပြောနေတာလဲ ရှင့်ကောင်မလေးကြားရင်စိတ်မကောင်းဖြစ်နေမယ်''

''သက်ထက်စံ မင်းငါမေးတာပဲဖြေစမ်းပါ ငါ့အာရုံထဲမှာမင်းနဲ့ပတ်သက်တဲ့ပုံရိပ်တွေခဏတိုင်းပေါ်ပေါ်လာတယ် ငါတို့ကတစ်ကယ်ပဲလေးနက်တဲ့ဆက်ဆံရေးလား''

''ရှင့်ကိုအရင်ကပြောပြဖူးတုန်းကရှင်မယုံခဲ့ဘူးမလား အခုမှတော့မေးမနေပါနဲ့တော့ ရှင့်ကောင်မလေးနဲ့သာအဆင်ပြေအောင်နေပါ ရှင်သူ့ကိုသိပ်ချစ်တာမလား''

ပြောပြီးတာနဲ့အသက်လည်းသူမအခန်းထဲသို့ဝင်ခဲ့လိုက်တော့သည်။

အခုချိန်ကျမှဒါတွေပြောလို့အပိုပါပဲ။သူ့ဘေးမှာတစ်ခြားတစ်​ယောက်ရှိနေခဲ့ပြီမဟုတ်လား။

အခုသူမကသူ့အတွက်အရေးမပါတော့တဲ့သူတစ်ယောက်ပဲလေ။

အခန်းထဲမှာရှိနေတဲ့စစ်မာန်နဲ့ပန်းနီကတော့အခုချိန်ထိအနမ်းတွေကိုမရပ်တန့်နိုင်ကြသေးပါ။

အရင်ကပန်းနီထင်ထားသည်ကကိုကိုကြီးကအေးတိအေးစက် ရေခဲတုံးကြီးလို့။
အခုတော့သူ​ကကိုကို့ထက်တောင်လက်ရဲဇက်ရဲနိုင်သေးသည်။

အချိန်တစ်ခုထိကြာတော့မှပန်းနီလည်းအသက်ရှူကြပ်လာရပြီးသူ့ဆီကမရမကရုန်းမိတော့၏။

ရုန်းမရတဲ့အဆုံးသူ့နှုတ်ခမ်းကိုကိုက်ပစ်မှပဲကိုကိုကြီးကသူမအားလွှတ်ပေးလာတော့သည်။

''အသက်ရှူကြပ်နေပြီ''

''အဲဒါဆိုအသက်ရှူမကြပ်အောင်နမ်းမယ်''

ပြောပြီးကိုကိုကြီးကသူမပါးနှစ်ဖက်အားဆွဲယူကာထပ်နမ်းဖို့ကြိုးစားလာ၍ပန်းနီသူဆီမှအတင်းရုန်းကန်ရှောင်ရှားရင်း

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now