11

723 22 0
                                    


Unicode

အချစ်သည် လေညင်းကဲ့သို့....

Part.11

ကိုကိုကြီးပြောတဲ့စားသောက်ဆိုင်ဆီသို့ရောက်တော့ကိုကိုကြီးတစ်ယောက်မသောက်စဖူးအရက်တွေသောက်နေ၍ပန်းနီတအံ့တသြဖြင့်ကိုကိုကြီးဆီသွားကာသူ့လက်ထဲကအရက်ခွက်ကိုဆွဲယူ၍

''ကိုကိုကြီး ဘာတွေလျှောက်လုပ်နေတာလဲ အိမ်ပြန်ရအောင် ထ''

''ဘာလို့ပြန်ရမှာလဲ တမင်တကာဒီကိုလာပါတယ်ဆို ပေးစမ်းပါ''

ကိုကိုကြီးကသူမလက်ထဲကအရက်ခွက်ကိုပြန်ယူလိုက်တာကြောင့်ပန်းနီလည်းခုံမှာဝင်ထိုင်ကာ

''ကိုကိုကြီး ဖုန်းထဲမှာပြောတဲ့ကိစ္စကတစ်ကယ်လားဟင် ဦးလေးစေရာကတစ်ကယ်ပဲကိုကိုကြီးအဖေလား''

''ဟုတ်တယ် ငါ့ဦးလေးအရင်းမဟုတ်ပေမယ့်ငါ့ဦးလေးအရင်းလိုပဲသတ်မှတ်ခဲ့တဲ့သူက ငါ့အဖေတဲ့လေ''

''ကိုကိုကြီးကအဲဒါကိုဘယ်လိုလုပ်သိတာလဲ''

''ဖေဖေနဲ့မေမေပြောနေတာကြားခဲ့တာ မေမေကလေးလေးစေရာကိုပေးထားတဲ့ကတိကိုဖျက်မိမှာစိုးတယ်တဲ့ ငါ့အဖေကဘယ်သူပါဆိုတာကိုတစ်သက်လုံးပေးမသိပါဘူးဆိုတဲ့ကတိကိုလေ''

ပန်းနီဘာပြန်ပြောလို့ပြောရမလဲမသိ။

အန်တီအရိပ်single momဘဝမှာပဲ လေးလေးကုဋေနဲ့ချစ်ကျွမ်းဝင်လက်ထပ်ခဲ့ပြီး ကိုကိုကြီးကလေးလေးကုဋေရဲ့သားအရင်းမဟုတ်ဘူးဆိုတာသိထားပေမယ့်လည်း အခုထင်မထားတဲ့ကိစ္စကြောင့်ပန်းနီမှာဆွံ့အသွားရသည်ထိပင်။

''ငါငယ်ငယ်ကတည်းက,လေးလေးနဲ့အနီးကပ်တစ်အိမ်တည်းနေခဲ့တာ မဟုတ်ဘူး ငါ့အဖေအရင်းနဲ့ ငါ့အဖေတစ်​ယောက်လုံးငါ့ရှေ့မှာရှိနေတာတောင်မှငါတစ်စက်လေးမှမသိခဲ့ဘူး ဖေဖေနဲ့မေမေကငါ့ကိုဘာလို့ဖုံးကွယ်ထားရတာလဲ''

ပြောရင်းနဲ့ကိုကိုကြီးကမျက်ရည်တွေကျလာ၍ပန်းနီပါမျက်ရည်တွေဝေ့တက်လာရပြီးသူ့အနားတိုးထိုင်ကာလက်ကိုဆုပ်ကိုင်၍

''မငိုပါနဲ့ကိုကိုကြီးရယ် အန်တီနဲ့လေးလေးကိုလည်းအပြစ်မမြင်ပါနဲ့ လေးလေးကကိုကိုကြီးကိုသူ့သားအရင်းလိုချစ်ပေးခဲ့တယ်မလား ကိုကိုကြီးပြောတော့အန်တီတို့ကဦးလေးစေရာကိုကတိပေးထားတယ်ဆို အဲ့ကတိကိုထိန်းသိမ်းချင်လို့ကိုကိုကြီးကိုမပြောခဲ့တာနေမှာပါ''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now